အပိုင်း ၁၉

404 19 0
                                    

Kuea Keeratiက Kilane Wangရဲ့အိမ်ယာပေါ်မှာပဲ နိုးထလာခဲ့သည်။

မနားတမ်း ငိုထားတာ​ကြောင့် သူ့ရဲ့ခေါင်းက ကိုက်ခဲနေပြီး မျက်နှာတွေကလည်း နာကျင်နေပြီ။ သူ ဘယ်လိုလုပ်ပြီး အဲ့လောက်ထိ ပျော့ညံ့သွားရတာလဲ။ အရာအားလုံးက သူ့ကို မျက်ရည်ကျချင်လာအောင် လုပ်နေသလိုပဲ... အသက်ရှုရတာတောင် မောပန်းနေတာ...

'Kueaလေး... ဘယ်လိုနေသေးလဲ'

Hia Lianက ကုတင်ခေါင်းရင်းကို မှီထိုင်နေပြီး သူ့ဘေးမှာ ရှိနေတာ... သူ နိုးလာတာကို မြင်တော့ Hia Lianရဲ့နွေးထွေးတဲ့လက်ဖဝါးကြီးက သူ့ရဲ့နှဖူးပြင်ထက် ကျရောက်လာခဲ့သည်။

'Hia... ဒါ...'

'ဘာမှ မဖြစ်ဘူး။ Kueaလေး... အခု ဘာမှ မတွေးနဲ့တော့... Kueaလေး ​ဗိုက်ဆာနေပြီလား။ ရေသောက်ချင်လား။ ကိုယ် သွားယူပေးမယ်'

'ဟင့်အင်း... Kuea... Hiaကို ဖက်ထားချင်တယ်'

Kueaလေးရဲ့တီးတိုးပြောတဲ့အသံက အရမ်းကို တိုးညင်းလွန်းတာ... Hia Lianရဲ့အကြည့်တွေကိုတောင် သူ ရှောင်ရှားနေမိသည်။ ကိုယ့်ရဲ့နှာဖျားလေးဆီမှာ အကြည့်တွေကို ပို့ထားပေမယ့် ဘယ်ကို သွားရမယ်မှန်း မသိဘဲ လမ်းပျောက်နေတဲ့လူတစ်ယောက်လိုမျိုး ခံစားနေရသည်။ ပြီးတော့... ပြီးတော့ ဒီလိုအခြေအနေမျိုးမှာ Hia Lianတစ်ယောက်တည်းကပဲ သူ့ကို လုံခြုံမှု ပေးနိုင်မှာ...

Kilane Wangက ကိုယ်ကို လျောချလိုက်ပြီး သေးငယ်တဲ့ခန္ဓာကိုယ်လေးကို သူ့ရဲ့ရင်ခွင်ထဲ အသာလေး သွင်းထားလိုက်သည်။ Kueaလေးကို အခက်တွေ့စေနိုင်မယ့်မေးခွန်းမျိုးကိုလည်း မမေးသလို၊ စကားလည်း လုံးဝမပြောခဲ့ပါ။ နွေးထွေးတဲ့လက်က သေးငယ်တဲ့ကျောပြင်လေးကို အသာလေး ပုတ်သပ်ပေးနေကာ... ရှုပ်ပွနေတဲ့ဆံပင်လေးတွေ ကြားထဲ သူ့နှာဖျားလေးကပါ တိုးဝေ့နေသေးသည်။ သူ့ရင်ဘတ်မှာ စိုစွတ်မှုကို ခံစားလာရတာကြောင့် Kueaလေးက ထပ်ပြီး ငိုနေပြန်ပြီဆိုတာကို သိလိုက်ရသည်။ သတိမလစ်ခင်တုန်းက ငိုတာလောက်တော့ မပြင်းထန်တော့...

'Kueaလေး... ကိုယ် ရှိတယ်လေ... အရာအားလုံး အဆင်ပြေသွားမှာပါ'

ခဏအကြာမှာ Kueaလေးက အငိုရပ်သွားသည်။ Kueaလေးရဲ့မျက်လုံးတွေက ဖောင်းကားနေပြီး နှာခေါင်းကလည်း ရဲတွတ်နေကာ လက်နှစ်ဖက်စလုံးကလည်း Lian ပျောက်သွားမှာကို ကြောက်လန့်နေသလိုမျိုး Lianအင်္ကျီကို ကုပ်တွယ်ထားသည်။

ခရူတီပိုင်း - မြန်မာဘာသာပြန်Where stories live. Discover now