အပိုင်း ၂၃

3.1K 189 48
                                    

လက်ပ်တော့ပေါ်မှာ ပေါ်နေတဲ့ Kuea Keeratiရဲ့ငွေစာရင်းကို ကြည့်ရင်း Kilane Wang ကိုယ့်ခေါင်းကို ကိုင်ထားလိုက်ရသည်။ စားပွဲရဲ့တစ်ဖက်ခြမ်းမှာ ထိုင်နေပြီး ဂနာမငြိမ်ဖြစ်နေတဲ့ကောင်လေးကို ကြည့်နေကာ ပါးပြင်နှစ်ဖက်ကို ဆွဲစိတ်ချင်တဲ့စိတ်ကို မျိုသိပ်ထားရသည်။ Kueaလေးက ဆယ့်လေးနှစ်အရွယ်မှာ ဒရမ်ကို စတီးခဲ့ပြီး အသက်ဆယ့်ခြောက်နှစ်၊ အထက်တန်းကျောင်းသားဘဝကို ရောက်တော့ YouTubeချယ်နယ်ကို ထောင်ခဲ့တာ... အဲ့ဒီငါးနှစ်အတွင်းမှာ ဘတ် မီလီယံ သုံးဆယ်ကျော် ရခဲ့တာဆိုတော့... တစ်နှစ်မှာ ဘတ် ခြောက်မီလီယံကျော်လောက် ရှာနိုင်ခဲ့တာ... အနုပညာရှင်ဆိုတာက သူတို့ရဲ့အနုပညာနှင့် နာမည်ကျော်ကြားမှုတွေဆီကနေ ဝင်ငွေရတာ... Kueaလေးသာ ဒီလမ်းကြောင်းအပေါ် သေချာအပြည့်အဝ အာရုံစိုက်မယ်ဆိုရင် နောက်လာမယ့် ငယ်ရွယ်တဲ့မီလီယံနာမျိုးဆက်သစ်တောင် ဖြစ်နိုင်ချေရှိသည်။ ချမ်းသာတဲ့မိသားစုကနေ မွေးဖွားလာတဲ့ကောင်လေးတစ်ယောက်ရဲ့ အထူးအခွင့်အရေးအနေနှင့်... ကြမ်းတမ်းတဲ့ဘဝကို မဖြတ်သန်းရပဲ... ဝါသနာကနေ အသက်မွေးဝမ်းကျောင်း ပြုနိုင်တဲ့အလုပ်ဖြစ်လာတဲ့အထိ ပံ့ပိုးပေးနိုင်မယ့် အချိန်ကောင်းကောင်းရခဲ့သည်။

'Kueaလေးက ကိုယ့်ကို ဒီပိုက်ဆံတွေနဲ့ ဘာလုပ်စေချင်တာလဲ'

Kueaလေးမှာ လစ်လပ်နေတဲ့ တစ်ခုတည်းသောအရာက... ခေါင်းခြောက်စေတဲ့အထိ များပြားလွန်းတဲ့ငွေပမာဏကို စီမံခန့်ခွဲရမယ့်အတွေ့အကြုံပင်...

'H... Hiaရဲ့အကြွေး​တွေကို ကူပြီး ဆပ်ပေးချင်တာ... Hia အကုန်ယူလိုက်...'

ဒီဆုံးဖြတ်ချက်အပေါ် Lian ပြုံးလိုက်မိသည်။ သူ့မှာ အကြွေးမရှိဘူးဆိုတာကို Kueaလေး သိအောင် ဘယ်လို ရှင်းပြရမလဲ။ သူ့လက်ထဲမှာ ပိုက်ဆံပြတ်ခါနီးလေးပဲ ရှိသေးတာ... စီးပွားရေးလုပ်ငန်းတစ်ခုမှာ အရေးကြီးတာက ငွေလည်ပတ်ဖို့အတွက် ငွေအချို့ကို လက်ထဲမှာ သီးသန့်ထား ထားရတာပင်... တကယ်လို့သာ သူ ငွေပြတ်သွားပြီး လစဥ်ရနေတဲ့ဝင်ငွေနှင့်သာ လည်ပတ်ရမယ်ဆိုရင် သူတော့ ပြသာနာအကြီးကြီး တက်ပြီ။ သူ့စီးပွားရေးရဲ့ဝင်ငွေက အနုတ်သာ မပြသေးရင် သူ သေချာပေါက်ကို အဆင်ပြေနေတုန်းပဲ... မဟုတ်ရင် အချို့အကျပ်အတည်း ပြသာနာတွေက သူ့ရဲ့စီးပွားရေးကို သုံးနှစ်အတွင်း ပိတ်ဆို့သွားစေမှာ...

ခရူတီပိုင်း - မြန်မာဘာသာပြန်Where stories live. Discover now