1.1

10.7K 1.2K 29
                                    

Unicode


{နှစ်နှစ် တွဲခဲ့တဲ့ ရည်းစားက ရုတ်တရက် တစ်ခြားမိန်းမနဲ့လက်ထပ်တော့မယ်ဆို ဘယ်လိုလုပ်ရမလဲ??}

1L: ငရဲ ပို့လိုက်!!

2L : ဝမ်းနည်းစရာက အဲ့လို လူမိုက်တွေက တခြားလူတွေထက် ပိုအသက်ရှည်နေတာပဲ...ဟူးးး

3L: မင်္ဂလာဆောင်မှာ မင်းတို့နှစ်ယောက်လုပ်ထားတဲ့ ဗီဒီယိုကို သတို့သမီးမြင်အောင်ပြလိုက်။

4L: ဖာ့ခ် အစ်မတော်ရေ မင်းကအရမ်းရက်စက် တာပဲ! အဲ့လိုလုပ်ဖို့မလိုပါဘူး။ အဲ့လိုလုပ်ရင် မင်းရဲ့ဘဝကြီးပါ အဆုံးသတ်သွားလိမ့်မယ်..

19L- အဲ့လူယုတ်မာရဲ့ အကျင့်စရိုက်ကို မင်းတို့ သူငယ်ချင်းအုပ်စုဂရုတွေမှာ တင်လိုက်။အနည်းဆုံးတော့ သူက ဘယ်လိုလူ့အမှိုက်လဲဆိုတာ မင်းပတ်ဝန်းကျင်ကလူတွေသိသွားတာပေါ့!!

20L- မင်းသူငယ်ချင်းတွေက  လက်ဖက်ရည်သောက်ပြီးပဲ ပွဲကြည့်နေမှာ။ မင်းဘယ်လောက် ယောက်ယက်ခတ်နေလဲဆိုတာ ကြည့်ဖို့ သူတို့ရှိနေမယ်။ ပြီးရင် ဒီကိစ္စအတွက် ခဏလောက် ကူညည်းတွားပေးကြလိမ့်မယ်။ ပြီးရင်တော့ ဘယ်သူကမှ မှတ်မိမှာမဟုတ်တော့ဘူး။

[အမှန်ပဲ] ပိုင်ချီတွေးလိုက်မိ၏။

223L- OPရေ  ပိုကောင်းတဲ့ရည်းစားကိုသာ သွားရှာလိုက်ပါ။ ရည်းစားအသစ်ကို မင်္ဂလာဆောင် ခေါ်သွားပြီး အဲ့အမှိုက်ကောင် စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်ပလိုက်။

224L- မင်းရှာတဲ့လူက ပိုအရပ်ရှည်ရမယ်၊ ပိုချမ်းသာရမယ် ၊ ပိုချောရမယ် ၊ အဲ့ကောင်ထက် ပိုကြင်နာတတ်တဲ့ သူတစ်ယောက်ဖြစ်ရမယ်။ ဇိမ်ခံကားကို မောင်း ၊ ဝတ်စုံပြည့်ကို ၀တ်ပြီး ဇိမ်ခံနာရီတွေကို ဝတ်ဆင် ထားတဲ့သူလည်း ဖြစ်ရမယ်။  ဟာ့၊ အဲ့လိုလူသာ မင်းကို ပွေ့ဖက်ထားတာမြင်ရင် အဲ့ကောင်ကြီး ရူးသွားလိမ့်မယ်။

225L - အပေါ်ထပ်က ညီမတို့ရေ၊ မင်းတို့အားလုံး တော်တော် ရေးနိုင်တဲ့ အရည်အချင်းရှိကြတာပဲ။  ဘောပင်တွေအားလုံးက မင်းတို့အတွက်ပဲ။  ကျေးဇူးပြုပြီး များများဆက်ရေးကြပါ။

အကောင်ဆုံးဇာတ်ဆောင်မင်းသားနှင့် မဟာမိတ်လက်ထပ်ပွဲချုပ်ဆိုခြင်းWhere stories live. Discover now