1.2

7.1K 1.1K 20
                                    

Unicode

မုတုန်က ဖိတ်စာအား ပိုင်ချီဆီ ကမ်းပေးလာ၏။

သိပ်မကြာခင်မှာပဲ တခြားအခန်းဖော်တွေလည်း ပြန်လာကြလေသည်။

ပိုင်ချီတစ်ယောက် သူတို့ပြောနေတာကို နားထောင်ရင်းသူ့ဆံပင်တွေတောင် ခြောက်သွားတော့သည်။ "ကျန်းဖန်းချန်ရဲ့ချစ်သူက တော်တော်ချမ်းသာတဲ့ မိသားစုက လာတာလို့ ကြားတယ်။ အရင်တုန်းက နိုင်ငံခြားမှာတောင် exchange ကျောင်းသူအဖြစ်နဲ့ သွားတက်ဖူးတယ်တဲ့။"

"အခုဆို ဖိုရမ်က ဆူပွက်နေလောက်ပြီနော် ဟုတ်တယ်မလား?"

"အမှန်ပဲ။"

"မှား shipမိပြီလို့ ပြောပြီး ငိုနေတဲ့ ဂျူနီယာတွေတောင်ရှိတယ်တဲ့။ အဲဒါက အဓိပ္ပာယ်မရှိဘူးလေ ဟုတ်တယ်မလား? အရင်ကတည်းက ကျန်းဖန်ချန် နဲ့ ငါတို့ ချီချီက ဘာမှမှ မဖြစ်တာ။ သူတို့ဆက်ဆံရေးကို bromance လို့ခေါ်တာ ဟီးဟီး!"

ပိုင်ချီ သူတို့ပြောတာတွေကို နားထောင်ရင်း စက္ကန့်နှင့်အမျှ ခေါင်းကိုက်လာလေသည်။

ခဏအကြာတွင် သူ့ဖုန်းမြည်လာ၏။ မုတုန် က လွယ်အိတ်ထဲကနေ အမြန်ထုတ်ပြီး သူ့ဆီ ကမ်းပေးလာသည်။

ပိုင်ချီ ဖုန်းကိုယူကာ စခရင်ကို ကြည့်လိုက်၏။

အမည်မသိ နံပါတ်တစ်ခုပင်။

ပထမအနေနဲ့ သူဘာပစ္စည်းမှမမှာထားပါ။ ဒုတိယအနေနဲ့ သူ့မှာ ဘာပါဆယ်ထုပ်မှ ယူစရာမရှိပါ။

ထို့ကြောင့် ဖုန်းကောကို မျက်တောင်တချက်မခတ်ဘဲ ငြင်းဆိုလိုက်တော့သည်။

သို့သော်လည်း ဖုန်းခေါ်ဆိုသူက ဇွဲမလျှော့ပါ။ တူညီသော ဖုန်းနံပါတ်နဲ့ပင် နောက်ထပ် လေးခါလောက် ထပ်မံခေါ်ဆိုလာပြန်သည်။

ထို့နောက် ထိုလူက သူ့ထံ မက်ဆေ့ချ် ပို့လာ၏။

[ဟဲလို၊ ငါက ကျန်းဖန်းချန် ရဲ့ အကိုကြီးပါ။ ငါ မင်းနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးစရာလေးတွေရှိတယ်။]

ဖြစ်လာနိုင်မယ့် ပြဿနာအားလုံးကို ချေမှုန်းဖို့ သူတို့ရဲ့ မစ်ရှင် စတင်နေပြီများလား?

အကောင်ဆုံးဇာတ်ဆောင်မင်းသားနှင့် မဟာမိတ်လက်ထပ်ပွဲချုပ်ဆိုခြင်းWhere stories live. Discover now