17.1/17.2

4.5K 893 25
                                    


Unicode
Chapter 17.1

ရှီချန်းယွင်သည် နူးညံ့သည့်သိုးမွှေး ဦးထုပ်ကို ချွတ်ကာ ကင်မရာဆီသို့ တိုက်ရိုက် ပစ်ချလိုက်ပြီး ကြည့်ရှုသူများ၏ မြင်ကွင်းကို ကာလိုက်လေသည်။ ဤသည်မှာ ကြည့်ရှုသူတွေ နောက်ဆုံးတွေ့လိုက်ရတာပါပင်။ အခြား ကင်မရာတွေမှာလည်း သူတို့၏ ကံတရားကနေ မလွတ်မြောက်နိုင်ကြဘဲ အကာခံလိုက်ရတော့သည်။

ထို့နောက် ပိုင်ချီက ရှီချန်းယွင်ကို ရယ်အောင်လုပ်နေ၏။ ရှီချန်းယွင်က ခပ်တိုးတိုးလေးရယ်နေပြီး အသံချိတ်ဆက်မှုအားလုံး ရပ်တန့်သွားတော့လေသည်။

[အားး ငါတို့လိုချင်တာ ဒါမဟုတ်ဘူးလေ!]

[ မိုက်ကော ဘယ်ရောက်သွားပြီလဲ? မိုက်ကိုရော ဖြုတ်လိုက်တာလား? ]

[ကင်မရာကို ဖုံးပြီး ဘာတွေလုပ်နေကြတာလဲလို့? ]

[ဖာ့ခ် နမ်းနေကြတာလား?]

အချို့သောဖန်တွေကတော့ သူတို့အတွက် ဖယောင်းတိုင်ထွန်းပေးတာကို လက်မခံနိုင်ကြ။

[အဲ့လူတွေကို မေ့ထားလိုက် =.= ရှီကောက မင်းသားတစ်ယောက်လေ။ ငါတို့ရဲ့ စိတ်ကူးယဉ် အိမ်မက်ထဲက ရုပ်တုမဟုတ်ဘူး။ ငါတို့လို တကယ့်ဖန်တွေကတော့ ဆွံ့အပြီး ဘာမှကိုမပြောနိုင်ကြတာ!]

[ +1၊ ရှီလောင်ရှီးက သူတို့ရဲ့ဆက်ဆံရေးအကြောင်း ကို ပွင့်ပွင့်လင်းလင်းပြောခဲ့တာကတော့ တကယ်ကျေနပ်ဖို့ ကောင်းတယ်။ မင်းတို့ကြိုက်တဲ့ သရုပ်ဆောင်တွေကို သူတို့ ဘဝမှာ ​ဘာလုပ်ရမယ် ညာလုပ်ရမယ်လို့ မင်းတို့ လိုက်ပြောနေလို့မရဘူးဆိုတာ တချို့လူတွေ သိသင့်ဖို့ အချိန်ရောက်ပြီ]

စခရင်တွင် မှက်ချက်ပေးနေသည့် ကြည့်ရှုသူတွေက
တော့ လွန်ခဲ့သည့်နှစ်အနည်းငယ်fandom အတွင်းမျက်ကန်းလုပ်ပြီး မနာခံတဲ့သူတွေ ဗရုတ်သုတ်ခ လူတွေကို တရစပ်တိုက် တော်ကီတွေလွှတ်နေကြတုန်းပင်။

သစ်သားအိမ်ငယ်ထဲမှာတော့ ရှီချန်းယွင်က ငုံ့ပြီး သူ့ခရီးဆောင်အိတ်ထဲက အိမ်နေရင်း အင်္ကျီကို ထုတ်လိုက်၏။

"မင်း ကတ်ဂိမ်းတွေယူလာတယ်မလား?" သူက အဝတ်အစားလဲနေရင်း ပြောလာသည်။

အကောင်ဆုံးဇာတ်ဆောင်မင်းသားနှင့် မဟာမိတ်လက်ထပ်ပွဲချုပ်ဆိုခြင်းWhere stories live. Discover now