15.2/15.3

4.3K 839 14
                                    



Unicode

Chapter 15.2

အမှန်ဆိုရင်ဘပုံမှန်အဖွဲ့ဝင်များအတွက် ဤထုတ်လွှင့်မှုနည်းလမ်းကနေတစ်ဆင့် ပရိသတ်အကြိုက်ရဖို့ ပိုလွယ်ကူလေသည်။

ကြိုတင်ရိုက်ကူးရေးတွေ လုပ်ထားရင် ပရိုဂရမ်အဖွဲ့က ဘယ်သူ့အပိုင်းပါပြီး ဘယ့်သူအပိုင်းဖြတ်ထုတ်ခံရမလဲဆိုတာ မပြောနိုင်။ အလွန်ရေပန်းစားသည့် ထင်ရှားကျော်ကြားသူဖြစ်ရင်တောင် ရှိုးတွင် ဘယ်လောက်ပါဝင်နိုင်မည်ကို ဆုံးဖြတ်ရန်မှာ ထုတ်လုပ်ရေးအဖွဲ့အပေါ်တွင်သာ မူတည်နေလေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုမှာတော့ ထိုသို့သောပြဿနာများ မရှိ။ ဧည့်သည်တွေ အလိုရှိသရွေ့ လုံလုံလောက်လောက် အားစိုက်ထုတ်နေသရွေ့ အရံဇာတ်ကောင်ကနေ အဓိက ဇာတ်ကောင်အဖြစ် ပြောင်းလဲနိုင်မှာဖြစ်သည်။

ဒါရိုက်တာအဖွဲ့မှ ဝန်ထမ်းများက သူတို့နောက်မှ ရုပ်ရှင်အဖွဲ့သားများအား လက်ဟန်ဖြင့် အချက်ပြလာ၏။

သူတို့သည် ရိုက်ကူးရေးပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထားပေးလေသည်။

ဝန်ထမ်းတွေက ဧည့်သည်တွေအား ရထားပေါ်ကနေ ဆင်းခိုင်းလိုက်၏။ ထို့နောက်ကင်မရာသမားက သူ့ပခုံးပေါ် ကင်မရာထမ်းကာ နောက်ကလိုက်တော့သည်။

ထိုအခိုက်အတန့်မှစ၍ သူတို့ပြောသမျှ စကားလုံးတိုင်းနှင့် လှုပ်ရှားမှုတိုင်းကို ကင်မရာဖြင့် ရိုက်ကူးနေလိမ့်မည်။

ရထားပေါ်ကဆင်းပြီး အဆုံးမရှိသည့် မြက်ခင်းပြင်ကြီးရှေ့တွင်ရပ်လိုက်ကြသည်။ ဖန်လုံအိမ်ကြီးများကို နေရာအနှံ့ စိုက်ထူထားသောကြောင့် အဝေးမှကြည့်လျှင် အဖြူရောင် အစက်ကလေးများနှင့် အလွန်တူလှသည်။

တကယ့်ကို ရိုးရှင်းတဲ့ နေရာပဲ!!

မြင်သလောက်တော့ အိမ်ကြီး၊ ရဲတိုက်၊ အပန်းဖြေစခန်းတွေ၊ နှစ်ထပ်တိုက်တွေ မရှိပေ...။

ယန်းယိရူ အံ့သြသွားသည်။ "ဒါက 'ပြီးပြည့်စုံသော လက်ထပ်စုံတွဲ' ရဲ့ အပိုင်းလား? ဒါမှမဟုတ် X-change* ရဲ့ အပိုင်းများလား?"

အကောင်ဆုံးဇာတ်ဆောင်မင်းသားနှင့် မဟာမိတ်လက်ထပ်ပွဲချုပ်ဆိုခြင်းWhere stories live. Discover now