3.3/4.1

6.5K 1K 57
                                    

Unicode

Chapter 3.3

နာရီဝက်အကြာမှာတော့ ပိုင်ချီတစ်ယောက် ခံတွင်းရှင်းရန် ရေနွေးကြမ်းကိုသောက်ချလိုက်သည်။

ထို့နောက် အားလုံးထကာ ပြန်ဖို့ပြင်ဆင်လိုက်ကြလေသည်။

"ကိုယ် ပြန်လိုက်ပို့ပေးမယ်။"

ရှီချန်းယွင်က ပြောလာ၏။

အာ။

ရှီချန်းယွင်က သူ့ကာရိုက်တာထဲကို မြန်မြန် moodဝင်တာပဲ။

သူက ဒီလိုအသေးအဖွဲ့လေးတွေကိုတောင် သရုပ်ဆောင်ပေးနေတယ်။

ရှီချန်းယွင် အရင်က ကာရိုက်တာတော်တော်များကို သရုပ်ဆောင်ဖူးမှန်းပိုင်ချီသိထား၏။ ဂရုတစိုက် ကြင်နာပြတဲ့ ချစ်သူတစ်ယောက်အနေနဲ့ သရုပ်ဆောင်ဖို့က သူ့အတွက် ခက်ခက်ခဲခဲ အလုပ်တစ်ခုတော့ မဟုတ်ပါ။

ပိုင်ချီလည်း ပူးပေါင်းလိုက်ကာ ပြန်ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက ရှီချန်းယွင်အား သူ့ကို ကျောင်းဝင်းထဲ ပြန်ပို့ပေးဖို့ ခွင့်ပြုလိုက်ရတော့လေသည်။

ဒီတစ်ခါလည်း မြေအောက်က ကားပါကင်သို့သာ မောင်းသွားလိုက်ကြ၏။ ထို့ကြောင့် လူတော်တော် များများ သူတို့အား သတိမထားမိကြပေ။

အခုချိန်မှာတော့ ပိုင်ချီ သူ့အဆောင်ကို ပြန်ရောက်နေပြီဖြစ်၏။ ပိုင်ချီ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် မုတုန်တို့မှာ လန့်ဖျတ်ပြီး ထခုန်မတတ်မိပင် ဖြစ်သွားကြ၏။

"ချီချီ ! နောက်ဆုံးတော့ ပြန်လာပြီပေါ့။"

"မင်းဘယ်သွားနေတာလဲ?"

"မင်းမဖွယ်မရာလုပ်တဲ့ ယောကျ်ားကြီးနဲ့များ သွားတွေ့တာလား?" ထိုစကားမှာ စသလိုလိုနှင့် ပါးနပ်စွာ ပြောင်တင်းတင်း မေးလာခြင်းဖြစ်သည်။

ပိုင်ချီ ခဏတာစဉ်းစားလိုက်၏။ တချိန်ချိန်မှာတော့ သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ လူသိရှင်ကြား ဖြစ်သွားရမှာပင်။ ရှီချန်းယွင်၏ မန်နေဂျာ ရှန်းကွမ် က Weiboတွင် ထိုအရာများကိုလုပ်ဆောင် ရန်တောင်းဆိုရခြင်းအကြောင်းရင်းမှာလည်း အရိပ်အမြွက်တစ်ခု၊ နှစ်ခုကို တမင်တကာပေးထားရန်ဖြစ်သည်။

အကောင်ဆုံးဇာတ်ဆောင်မင်းသားနှင့် မဟာမိတ်လက်ထပ်ပွဲချုပ်ဆိုခြင်းWhere stories live. Discover now