14.1/14.2

5.3K 931 23
                                    



Unicode

Chapter 14.1

#ပိုင်ချီ_ အေပရွှန်
#ပိုင်ချီ_ကားမောင်း*

ဒီနှစ်ခုသည် Hot Search တွင် ဘေးချင်းကပ်လျက် ပေါ်လာနေ၏။ စတူဒီယိုတွင် ရှန်းကွမ်းတစ်ယောက် ဒီအကြောင်း၏ စခရင်ရှော့ပုံကို တွေ့လိုက်ရသောအခါ သူမပြောပဲမနေနိုင်တော့ချေ။

"ဘယ်လို နှာဘူး တစ်သိုက်လဲ?!"

*ကားမောင်းခြင်း (##) သည် အင်တာနက် ဗန်းစကားတစ်ခုဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ ကိစ္စတွေကို သွယ်ဝိုက်ဖော်ပြသည့်လူကို ခေါ်ဆိုသည်။

အေပရွှန်ဝတ်ထားသော ဓာတ်ပုံများသည် နှင်းပြိုင်ပွဲအပိုင်းမှ ပုံများထက်ပင် ပို၍ ပြန့်သွားလေသည်။ ဒါကြီးက သိပ်တော့ အဓိပ္ပာယ်မရှိနေ!!

တကယ်တော့ ရှီချန်းယွင်စတူဒီယိုရှိ ဝန်ထမ်းတော်တော်များများ ပိုင်ချီကို မတွေ့ဖူးပါကြချေ။

ယခုအချိန်တွင်တော့ သူတို့အားလုံး ရိုက်ကွင်းနောက်ကွယ်က သတင်းများကိုစိုက်ကြည့်နေကြရင်း ရှန်းကွမ်ကို လည်း ဖုန်းဆက်မပြောဘဲ မနေနိုင်ကြတော့။ "ရှန်းကော ၊ ဒီခေတ်စားနေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး.... တစ်ခုခုလုပ်သင့်လား။"

ရှန်းကွမ်လည်း ဘယ်လိုလုပ်ရမှန်းမသိတော့။

ရှီကောက အခု ဒီရိုက်ကွင်းတွင် ရှိမနေ။ သူတစ်ယောက်တည်းကသာ ပိုင်ချီနှင့် အဖော်လိုက်ပေးလာသူဖြစ်လေသည်။

"ငါ ချက်ချင်း ရှီကောဆီ ဖုန်းဆက်လိုက်မယ်။" ရှန်းကွမ် ပြန်ပြောလိုက်၏။

"ကောင်းပါပြီ။" တစ်ဖက်ကလည်း စိတ်သက်သာရာရသွားကာ ဖုန်းချသွားသည်။

ရှန်းကွမ် သူ့ဖုန်းအား ချထားလိုက်ပြီး ပိုင်ချီဘက်သို့ လှည့်ကြည့်မိလိုက်သည်။

'ဘာလို့ ပိုင်ချီက ရှီချန်းယွင် ဘယ်ရောက်နေလဲဆိုတာ မမေးတာလဲ။ သူက တကယ်ပဲ သူ့ကို ဂရုမစိုက် တာလား။' သူ ပိုင်ချီအား ကြည့်နေရင်းသူ့ကိုယ်သူ တိုးတိုးလေးရေရွတ်လိုက်မိသည်။

ထို့နောက် ရိုက်ကွင်းနောက်ကွယ်များမှ ဗီဒီယို မြင်ကွင်းများကို ပြန်သတိရသွားသောအခါ သူ၏ ခန္ဓာကိုယ်တစ် ကိုယ်လုံးသည် တစ်ခြမ်းကွဲတော့မလို ခံစားလိုက်ရ၏။
ပိုင်ချီ ဘာတွေစဉ်းစားနေလဲဆိုတာ သူတကယ်ပဲ မပြောတတ်တော့ပေ။

အကောင်ဆုံးဇာတ်ဆောင်မင်းသားနှင့် မဟာမိတ်လက်ထပ်ပွဲချုပ်ဆိုခြင်းWhere stories live. Discover now