18.1/18.2

4.5K 835 20
                                    


Unicode

Chapter 18.1

မကြာခင်မှာပဲ "ပြီးပြည့်စုံသောလက်ထပ်စုံတွဲ" ၏တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားကာ အခြားမီဒီယာရှိုးများအတွက် ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျမတတ်ပင်။

[ဘာလို့ ဒီလောက်တိုရတာလဲ! သန်းခေါင်ယံရှိုးလေးဘာလေး ကြည့်လို့မရဘူးလား? ]

['National Radio' နဲ့ 'ရုပ်မြင်သံကြား စီမံခန့်ခွဲမှု'မှာ နံပါတ် ၁ လို့ ပြထားတယ်။]

ရှီချန်းယွင် နဲ့ သူ့ရဲ့ အဝါရောင်ဦးထုပ်လေး​ ; ချန်းကျင် ရှိုးသို့ရောက်လာခြင်း; အမြဲတမ်း ရန်စခံနေရတဲ့ ကျိုးရန်ဖုန်; ထိုခေါင်းစဉ်များ ပလူပြန်နေသည်။

[စုံတွဲတွေရဲ့ ရသစုံရှိုးမှာ တတိယလူကို တွန်းထည့်တာကတော့... တကယ်ကို အမေးဇင်းတွေပဲနော် ဟမ့်]

[တစ်ယောက်ယောက်တော့ကြားဝင်လာပြီ။ ငါပြောချင်တာကကွာ ရှီလောင်ရှီးရဲ့ ကျော်ကြားမှုကနေ ဘယ်သူက သွေးမဆောင်ခံရဘဲ နေနိုင်မှာလဲ? စုံတွဲတွေရဲ့ သရုပ်မှန်ရှိုးဆိုတော့ ကြည့်ရှုနှုန်းကတော့ တက်မှာပဲလေ]

[အခြားဧည့်သည်တွေက အရမ်းကံကောင်းတာပဲ၊ ရှီချန်းယွင်ရဲ့ ကျော်ကြားမှုကို အခွင့်ကောင်းယူပြီး သူတို့လည်းကျော်ကြားနိုင်တယ်။ ဒါပြီးရင်တော့ သူတို့လည်း အလုပ်တွေအများကြီး လက်ခံရတော့မှာပဲ။]

[အတွင်းသတင်းဟေ့။ 'အထူးဧည့်သည်တော် ဖြစ်ဖို့ ကြိုးစားနေတဲ့လူတွေ ရှိနေသေးတယ်လို့ ကောလဟာလတွေ ထွက်နေတယ် = =။ အိုင်ဒေါလ်အသစ် လေးတွေက ဝင်လို့ရနိုင်မယ့် နေရာတွေအတွက် ရူးသွပ်နေကြပြီ ။ တော်ကြပါပေတယ်။ အမေးဇင်းတွေပါပဲ။]

[? တခြားအတွင်း ဖရဲသီးအစေ့လေးတွေရော စားဖို့ ရှိသေးလား? ဒို့လည်းစားချင်တယ်!]

[ရှီလောင်ရှီးက အဲ့ရှိုးမှာ သူ့ကိုလက်ဆွဲနှုတ်ဆက်ဖို့ လုပ်နေတဲ့ သူတွေကိုကော မထိန်းချုပ်ဘူးလား?]

[ ရှီကောက လုံးဝကို ဂရုမစိုက်တာပါဟယ်...=[= ချန်းကျင်ကိုဆို တစ်ချက်လေးတောင် မကြည့်ဘူး။ နောက်ပိုင်းမှာ ပါလာတဲ့ တခြားနာမည်ကြီးတွေကိုလည်း အမှုန်အမွှားလေးလို သူက ဆက်ဆံမှာပဲ။]

အကောင်ဆုံးဇာတ်ဆောင်မင်းသားနှင့် မဟာမိတ်လက်ထပ်ပွဲချုပ်ဆိုခြင်းWhere stories live. Discover now