5.1/5.2

5.7K 1K 33
                                    

Unicode

Chapter 5.1

တံခါးမှာ တွန်းဖွင့်ခံလိုက်ရပြီးနောက် အတွဲတစ်တွဲအခန်းထဲသို့ ဝင်လာကြ၏။

"ကျွန်တော်တို့ကို ကူညီပေးပါဦး၊ ကျေးဇူးတင်ပါတယ်။" တစ်ယောက်က အသံတိုးတိုးလေးဖြင့် ပြောလာသည်။

ထိုအသံမှာ အနည်းငယ် ရင်းနှီးနေကာ

ဝန်ထမ်းမလေးသည် အသံလာရာသို့ တစ်ချက် မော့ကြည့်လိုက်မိ၏။

သူမ အံ့ဩမှင်သက်သွားရတော့သည်။

ရှီ.... ရှီ.... ရှီချန်းယွင်?

သူလက်ထပ်ဖို့ ရောက်လာတာလား?

ရှီချန်းယွင် နှင့် ပိုင်ချီသည် ဘေးချင်းကပ်လျက် လျှောက်လာကြသည်။

"စိတ်လှုပ်ရှားနေလား?" သူက ပိုင်ချီအား ခင်ပွန်းတစ်ယောက် လေသံဖြင့် မေးလာလေသည်။

စိတ်မလှုပ်ရှားဘူးဆိုတာကတော့ မဖြစ်နိုင်ဘူးလေ။

ပိုင်ချီ ခဏတာ ငေးငိုင်မိနေမိသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ဒီအခြေအနေထိ ရောက်လာကြလေပြီ။ သူသည် ရှီချန်းယွင်၏ တောင်းဆိုချက်အပြင် သူ့ထံမှ ဘဏ်ကတ်ကို ပါ လက်ခံခြင်းအထိ အားလုံးကို သဘောတူထားနှင့်ပြီးပြီ ဖြစ်၏။

"ကျွန်တော် ပီကေစားချင်တယ်။" ပိုင်ချီ တိုးတိုးလေးပြောလိုက်သည်။

"ပူဖောင်းမှုတ်ပီကေ။"

ရှီချန်းယွင်က ခေါင်းညိတ်ကာ တုံ့ပြန်လာသည်။

ရှန်းကွမ်သည် သူတို့နောက်မှ အနီးကပ် လိုက်နေပြီး တံခါးအပြင်ဘက်တွင် ရပ်နေသည်။ ရှီချန်းယွင် တံခါးကိုဖွင့်ကာ ရှန်းကွမ်အား စကားအနည်းငယ် ပြောနေ၏။ ရှန်းကွမ်ကတော့ အံ့အားသင့်နေသော အကြည့်ဖြင့် လှည့်ကြည့်လာသည်။

ခဏအကြာတွင် ရှန်းကွမ်တစ်ယောက် သူ့လက် ထဲတွင် ဘူးလေးတစ်ဘူးဖြင့် ပြန်လာသည်။

ရှီချန်းယွင်က သူကိုယ်တိုင် ဘူးထဲကို နှိုက်လိုက်ပြီး ပီကေတစ်ခုကိုယူကာ ပိုင်ချီထံသို့ ကမ်းပေးလာသည်။

အကောင်ဆုံးဇာတ်ဆောင်မင်းသားနှင့် မဟာမိတ်လက်ထပ်ပွဲချုပ်ဆိုခြင်းWhere stories live. Discover now