10.2+10.3

4.7K 935 14
                                    


Unicode

Chapter 10.2

ပိုင်ချီ မနက် ဆယ့်တစ်နာရီထိ အိပ်လိုက်၏။ ထို့နောက် ပရိုဂရမ်ဝန်ထမ်းက လာနှိုးတော့သည်။

"အဖွဲ့က ဧည့်သည်တွေအတွက် အစားအသောက် စီစဉ် ပေးမှာ မဟုတ်ပါဘူး။ အိမ်တိုင်းမှာ အသုံးအဆောင်တွေနဲ့ ပါဝင်ပစ္စည်းတွေ ရှိပြီးသားပါ။ ဘယ်လို အစားအသောက် အမျိုးအစားကို လုပ်ချင်လဲ ဆိုတာကိုတော့ မင်းတို့ ဆုံးဖြတ်ရမှာပါ။" ဒါရိုက်တာက ဒီနေ့ရဲ့ တာဝန်အား မိတ်ဆက်ပေးလာသည်။

အပြင်တွင် နှင်းတွေကျနေတာကြောင့် ပိုင်ချီအပြာရောင် ကုတ်အင်္ကျီကို ၀တ်ဆင်ထားပြီး လည်ပင်းတွင် အရောင်တူ မာဖလာအား ပတ်ထားသည်။ သူ လမ်းလျှောက်ထွက်လာစဉ် မီးခိုးပြာရောင် ထီးတစ်လက်ကိုလည်း ဆောင်းထားလေသည်။

"ကျွန်တော် ချက်​ချင်း သွားပြီး တခြားသူတွေမှာလည်း ဘာပါဝင်ပစ္စည်းတွေရှိလဲ ဘယ်သူတွေချက်တတ်လဲဆိုတာ သွားမေးလိုက်ဦးမယ်​..."

ပိုင်ချီသည် အရပ် 1.78မီတာ ရှိပြီး သူသည် ခြေတံရှည်ရှိသည်။

သူ ပထမခြေလှမ်းကိုလှမ်းသည်နှင့် ကင်မရာသမားမှာ ပိုင်ချီနောက် အမှီမလိုက်နိုင်လုနီးပါးပင်။

ပထမအိမ်မှာ ကျိုးရန်ဖုန်ရဲ့ အိမ်ဖြစ်ပြီး သူတို့အိမ်မှာ ပိုင်ချီ နှင့် အနီးဆုံးဖြစ်လေသည်။

ဒေါက်၊ ဒေါက်။" ဘယ်သူမှ ပြန်မဖြေ။

ဒါရိုက်တာတွေထဲက တစ်ယောက်က သူ့အားအသိပေးလာသည်။

"သူတို့ ယန်းယိရူ ရဲ့အိမ်ကို သွားကြပြီထင်တယ်။"

ပိုင်ချီ ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ "အာ ဒါဆို ကျွန်တော် ချိုးစစ်ချွမ်ဆီသွားလိုက်မယ်!" ချိုးစစ်ချွမ်၏ နေရာသည် ဒုတိယ အနီးဆုံးဖြစ်သည်။

သူ နှစ်ထပ်တိုက် တံခါးဝသို့ ရောက်သောအခါ ဘဲလ် တီးလိုက်၏။

သိပ်မကြာခင်မှာပင် တစ်စုံတစ်ယောက်က တံခါးကိုဖွင့်ပေးလာသည်။

"ဒီကိုလာတာလား။" အထဲကလူက မေးလာသည်။

ပိုင်ချီ အသံထွက်လာရာ လမ်းကြောင်းကို ကြည့်လိုက်တော့ ချိုးစစ်ချွမ် မဟုတ်ဘူးဆိုတာကို သတိထားမိလိုက်၏။ ယင်းအစား၊ သူရဲကောင်းဆန်ဆန် ဖြောင့်မတ်သောရုပ်ရည်ရှိသူတစ်ဦးက သူ့အားနှုတ်ဆက်ရန် ထွက်လာသည်။ သူ၏အသွင်အပြင်သည် တရုတ်အမျိုးသားများ၏ရိုးရာမျက်နှာအလှနှင့် အလွန်ဆင်တူလှ၏။

အကောင်ဆုံးဇာတ်ဆောင်မင်းသားနှင့် မဟာမိတ်လက်ထပ်ပွဲချုပ်ဆိုခြင်းWhere stories live. Discover now