7

5.4K 1K 31
                                    

Unicode

"အာ၊ ဆိုးတာပဲ၊ စားစရာတွေ အကုန်ကုန်သွားပြီ။" ရှီချန်းယွင်သည် ညည်းတွားလိုက်သော်လည်း သူ့အသံတွင် ဝမ်းနည်းမှု အနည်းငယ်မျှ ရှိမနေပါ။

ကျန်းဖန်းချန်ဘေးနားက အမျိုးသမီးကအမြန်ပြောလာလေသည်။

"ကျွန်မ တစ်ယောက်ယောက်ကို စားသောက်ဆိုင် သွားခိုင်း..."

"အဲ့တော့ ကျွန်တော်တို့လည်းစားစရာမလိုတော့ဘူး။" ရှီချန်းယွင်က ထိုအမျိုးသမီးစကားအား ပြတ်ပြတ်သားသား ဖြတ်ပြောလိုက်သည်။

အခုချိန်မှာတော့ ပါးပါးကျန်းတစ်ယောက် ယခင်အခြေအနေထက် ပိုမိုဆိုးရွားသွားခြင်းမှကာကွယ်ရန်ရှီချန်းယွင် တတ်နိုင်သမျှ အမြန်ဆုံးထွက်သွားစေရန်မှလွဲ၍ သူဘာမျှမလိုချင်တော့ပေ။

"အဲ့ဒါဆိုလည်းကောင်းပြီ..." ပါးပါးကျန်းက အတင်းဖျစ်ညှစ်ပြုံးကာ- "မင်း အလုပ်များနေတယ်ဆိုတာ သိတော့ ငါတို့ဆီ လာလည်ဖို့ ခက်မှာပေါ့၊ မင်းဘယ်လိုလူကို လက်ထပ်သင့် မထပ်သင့်ဆိုတာကိုပဲ သေချာစဉ်းစားဖို့ ငါမျှော်လင့်တယ်.."

ပါးပါးကျန်းက ခဏ ရပ်လိုက်ပြီးဆက်ပြောသည်။

"အာ၊ ဒီတိုင်းသွားတော့"

ရှီချန်းယွင် မတ်တပ်ထရပ်လိုက်၏။

ထုံးစံအတိုင်း ပိုင်ချီလည်း ထကာ သူ့ဘေးနားကနေ ကပ်လိုက်သွားလိုက်သည်။

နှစ်ယောက်သား ဗီလာကနေဘေးချင်းကပ်လျက် ထွက်လာလိုက်ကြသည်။

ပိုင်ချီကတော့ မိသားစုအတွင်း လက်ဖက်ရည်(ပွဲ) အကြောင်း ပိုမိုသိရှိလိုစိတ် ပြင်းပြနေသောကြောင့် သူပြန်ဖို့ ဆန္ဒသိပ်မရှိ။ ရှီချန်းယွင်ကိုလည်း သူ့မိသားစုအကြောင်းမေးရန် ပါးစပ်မဟရဲပါ။

ကျန်းဖန်းချန် သူ့လက်သီးကို ဆုပ်ထားလျက် ထိတ်လန့် တကြား သူတို့နောက်သို့ လိုက်သွား၏။

"သူ... သူ့အစ်ကိုကို လိုက်ပို့တာ။" ပါးပါးကျန်းက ပြောလာရင်း သူ့စကားထဲတွင် ယုံကြည်မှုသိပ်မရှိနေ။

"အိုး" ဟန်စစ်လည်း ဒီအခြေအနေနှင့်ပတ်သက်ပြီးဘာမျှ မတွေ့လိုက်ရသလို သဘောထားကာ ပြန်ဖြေလိုက်သည်။

အကောင်ဆုံးဇာတ်ဆောင်မင်းသားနှင့် မဟာမိတ်လက်ထပ်ပွဲချုပ်ဆိုခြင်းWhere stories live. Discover now