6.5/6.6

5.3K 957 30
                                    

Unicode

Chapter 6.5

ပိုင်ချီလည်း  စိတ်လှုပ်ရှားစွာ ကောလဟာလအားလုံးကိုဝင်ကြည့်လိုက်သည်။

သိပ်မကြာခင်မှာပင် သတင်းအသစ်တွေ ထပ်ထွက် လာပြန်လေသည်- "နတ်ဆိုးဖြစ်ခြင်း" ရုပ်ရှင်မှ ရုပ်ရှင်သားတွေ ဂုဏ်ပြုညစာစားပွဲကျင်းပခြင်း

"ရှီချန်းယွင်ကတော့ နောက်ထပ် ဒဏ္ဍာရီတစ်ခုကိုရေးထိုးလိုက်ပြန်ပြီ။"

သူ့ဖန်တွေမှာ အပျော်ကြီးပျော်နေကြ၏။

ရှီလောင်ရှီးက တကယ့်ကို အနုပညာထဲနစ်မြှုပ်ထားပြီး အံ့ဩစရာကောင်းလွန်းလှသည်။ သူ့လက်များ ဆုတွေသယ်ရလွန်း၍ အားလျော့လာသည့်အထိ သူက ဆုတွေအများကြီးကို ပိုင်ဆိုင်ထားလေသည်။ နောက်ပိုင်း ရုပ်ရှင်၏ Box Office စွမ်းဆောင်ရည်သည် အလွန်ကောင်းမွန်ခဲ့ပြီး အနုပညာနယ်ပယ်၏ တစ်ဝက်နီးပါးကို ဖြိုခွဲနိုင်ခဲ့သည်။ သူ့ပရိသတ်တွေအနေဖြင့် သူ့ကို လုံးဝစိတ်ပူစရာမလိုတော့။

ပိုင်ချီ သူ့စိတ်ထဲ တွေးနေရင်း ပူတင်းနှစ်ခုကို စားလိုက်၏။ အား ဒါက နောက်ထပ်ရင်ခုန်စရာကောင်းတဲ့ နေ့လေးတစ်နေ့ပါလား။

ရှီချန်းယွင်၏ အိမ်သည် အမှန်တကယ်တွင် အလွန် ကျယ်ပြီး ကြမ်းပြင်မှ မျက်နှာကြက်ထိ မှန်ပြတင်းပေါက် များဖြင့် တည်ဆောက်ထားသည်။ မှန်ပြတင်းပေါက်မှ အပြင်ကို လှမ်းကြည့်လိုက်သောအခါ၊ အောက်မှ သစ်ပင်များသည် ထူးထူးခြားခြား ပုံသဏ္ဍာန်ရှိပြီး ကြီးမားကာ မြင်သာလှသည်။

တစ်နည်းနည်းနဲ့ သူတစ်ယောက်တည်း အိပ်ရသည်မှာ နည်းနည်းအေးပြီး အထီးကျန်သလို ခံစားလာရ၏။

နောက်တစ်နေ့ နံနက်စောစောတွင် ရှောင်လင်က ပိုင်ချီအတွက် ပေါက်ဆီနဲ့ ပဲနို့ဝယ်လာပေးလေသည်။ ထိုအစားအစာတွေက ပိုင်ချီအား နိုးထသွားစေသည်။ ရှောင်လင်မှာ ကိစ္စများကို ကိုင်တွယ်ရာတွင် အလွန်တော်လှ၏။

ပိုင်ချီ စောစောထပြီး နောက်ဆုံးသတင်းဦးတွေကို ဖတ်ကြည့်နေလိုက်သည်။

လောလောဆယ်မှာတော့ စုံထောက်တွေက သူ့အကောင့်ကို ရှာမတွေ့သေးပါ။ သို့သေည် လူတွေက အကောင်းဆုံးဇာတ်ဆောင်မင်းသားဆိုပြီး ထုတ်ဖော်မှန်းဆလာနိုင်ကြ၏။

အကောင်ဆုံးဇာတ်ဆောင်မင်းသားနှင့် မဟာမိတ်လက်ထပ်ပွဲချုပ်ဆိုခြင်းWhere stories live. Discover now