14.3/15.1

4.4K 836 36
                                    


Unicode

Chapter 14.3

ရှန်းကွမ်မှာတော့  အလွန်စိတ်လှုပ်တရှား ပျော်ရွှင်စွာ ကစားနေကြသည့် သူတို့ကိုကြည့်ရင်း တွေးလိုက်မိသည်။

ပိုင်ချီက တကယ့်ကိုအားလုံးရဲ့ထိပ်ဆုံးမှာရပ်နေသလိုပဲ!!

ဟန်ဆောင်အတွဲတွေသာဖြစ်ပေမယ့် သူတို့ အတွဲရဲ့ levelကတော့ တကယ့်ကိုအစစ်ပါလား ... ရှန်းကွမ်သည် သူ့ဖုန်းကို ထုတ်ကာ မသိမသာ ဓာတ်ပုံအနည်းငယ်လောက်ရိုက်လိုက်ပြီး ရှီချန်းယွင်ဆီ ပို့လိုက်သည်။

"မင်း ရှုံးပြန်ပြီလား?"

"ရှောင်ချိုးက ဒါမျိုးမှာ သိပ်မတော်တဲ့ပုံပဲ!" ကျိုးရန်ဖုန်က သူမျက်နှာပေါ်ရှိ ပျော်ရွှင်မှုကို သိပ်မပေါ်အောင် ကြိတ်ပြုံး ပြုံးလျက် ပြောလာလေသည်။

ချိုးစစ်ချွမ်ကတော့ ဂရုမစိုက်ဟန် ခေါင်းညိတ်ပြကာ ပြန်သာ ကြည့်ပေးလိုက်သည်။

ယန်းယိရူ စပ်စပ်စုစုမေးလိုက်သည်။ "ချိုးစစ်ချွမ် မင်းမှာ အရင်တုန်းက အနားယူဖို့ အချိန်တောင်မရှိခဲ့ဘူးဆို အဲ့ဒါအမှန်ပဲလား? ပထမအပိုင်းလွှင့်တုန်းက ငါကြည့်တော့ ချိုးစစ်ချွမ်ရဲ့ ဖန်တွေ ရေးထားတဲ့ ကောမန့်တွေကနေ သိလိုက်ရတာ ၊ ပွဲဦးထွက်ကတည်းက မင်းအတွက်မလွယ်ကူခဲ့ဘူးဆို!"

'မင်းဘာလို့လက်ထပ်လိုက်လဲဆိုတာ နားကိုမလည်တော့ဘူး။' သူမ ထိုစကားထုတ်​ပြောလုနီးပါးပင်။

ရွှိယိက သူ့မျက်နှာပေါ်တွင် အပြုံးလေးချိတ်ဆွဲလျက် သာ သူမအား စိုက်ကြည့်လာ၏။ ချက်ခြင်းပင် သူတို့ကြား ကသိကအောက်ဖြစ်သွားကြတော့သည်။

သူတို့ဘေးတွင်တော့ ပိုင်ချီက LTK ဂိမ်းရဲ့ စည်းမျဉ်းတွေကို ဖုချွင်ယင်းကို ရှင်းပြနေ၏။ သူတို့ စကားဝိုင်းကို ကြားတော့ ကိုင်ထားတဲ့ LTK ကတ်တွေကို စားပွဲပေါ်သို့ ချလိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော်  ခင်ဗျားကို သင်ပေးမယ်။"

သူက ချိုးစစ်ချွမ်ကို ပြောလိုက်တာပင်။

ချိုးစစ်ချွမ်က သူ့ကို မော့ကြည့်လာပြီး  ခဏအကြာ မှင်သက်နေပြီးနောက် ခေါင်းညိတ်ကာပြန်ဖြေသည်။

အကောင်ဆုံးဇာတ်ဆောင်မင်းသားနှင့် မဟာမိတ်လက်ထပ်ပွဲချုပ်ဆိုခြင်းWhere stories live. Discover now