2.3

5.9K 1K 15
                                    


Unicode

ပိုင်ချီကတော့ သူ့နဂိုသွားရာလမ်းကြောင်းအတိုင်းလှည့်၍ ကော်ဖီဆိုင်ဆီသို့ ဦးတည်သွားလိုက်၏။ သူ့အခန်းဖော်များအတွက် စားစရာနှင့် သောက်စရာတွေ ဝယ်လာပေးရသေးလေသည်။

မကြာခင်မှာပင် ကျန်းဖန်းချန်းလည်း သူ့အစ်ကိုကြီးက ပွဲတစ်ခုအတွက် တက္ကသိုလ်ထဲ ရောက်လာတော့မယ်ဆိုသည့် သတင်းကိုလည်း ရရှိခဲ့၏။

သို့သော် သူထိုကိစ္စအား အာရုံမစိုက်နိုင်သေးပေ။

သူ့ဖုန်းစခရင်အား ငုံ့ကြည့်လိုက်ပြီးနောက် အနည်းငယ်ပျာယာခတ်စွာ စိုးရိမ်နေမိသည်။

ထိုနေ့ ပိုင်ချီကိုတွေ့လိုက်ပြီးနောက် သူအတော်လေး စိတ်ပူနေခဲ့၏။ စိတ်ပူနေရင်တောင် သူ့ဆီဖုန်းမခေါ်ရဲခဲ့ပါ။ သူသည် ဝေ့လည်လည်လုပ်ကာ ပိုင်ချီ၏ အခန်းဖော်ကိုသာ မေးလိုက်ရတော့သည်။

ရလဒ်ကတော့ အရမ်းကောင်းနေသေးသည်။ ပိုင်ချီအခန်းဖော်ပြောသည့်အရ ပိုင်ချီအခန်းထဲကမထွက်လာသည်မှာ တစ်ပတ်လောက်ရှိလေပြီ။

သူဝမ်းနည်းသင့်တယ်မဟုတ်လား?

ကျန်းဖန်းချန်သည် ပိုင်ချီ ဝမ်းနည်းမှာကို တကယ်ခံနိုင်ရည်မရှိပါ။

အထူးသဖြင့်.... သူကသာ ပိုင်ချီအားအရင် လိုက်ခဲ့သူဖြစ်၏။ သူတို့တွဲနေစဉ်လည်း သူဟာ သင်္ချာတွေထက် ပိုအရေးပါတယ်လို့ မခံစားခဲ့ရပါ။ အခုတော့ ပိုင်ချီက သူ့အတွက် ဝမ်းနည်းနေတဲ့အတွက် အနည်းငယ် ကျေနပ်မိသော်လည်း သူဝမ်းနည်းတာကို ကြည့်ဖို့ သူ့နှလုံးသားက ခံနိုင်ရည်မရှိပါ။

သူနဲ့သွားတွေ့လိုက်ရမလား?

ကျန်းဖန်းချန်တစ်ယောက် ညနေ ၃ နာရီလောက်ထိ စဉ်းစားချိန် ကြာသွားသည်။

ညနေ ၃ နာရီလောက်မှာ​တော့ တက္ကသိုလ်၏ အငွေ့အသက်မှာလုံးဝကို အရှိန်တက်လာလေသည်။

ကျောင်းတံခါးမှစ ညီလာခံခန်းမအထိ နေရာအားလုံး ပြည့်ကျပ်နေတော့၏။

ပိုင်ချီကတော့ သူ့အဆောင်မှာသာ ထိုင်နေခဲ့သည်။သူထိုင်နေရင်းနဲ့တောင် အပြင်ဘက်မှ စိတ်လှုပ်တရှား အော်ဟစ်သံများကို ယောင်ဝါးဝါး သူ ကြားနေရသေးသည်။

အကောင်ဆုံးဇာတ်ဆောင်မင်းသားနှင့် မဟာမိတ်လက်ထပ်ပွဲချုပ်ဆိုခြင်းWhere stories live. Discover now