6.3/6.4

5.6K 875 56
                                    

Unicode

Chapter 6.3

ဟူးးး

ငါ ထင်တာ မှားသွားပြီ။

​ဒီ​ကောင်​က ကြက်​​ဖ​​တွေထက်​​တောင် ​စော​စောထလိမ့်​မယ်​လို့ ဘယ်​သူက ထင်မှာလဲ!

"ချီချီ ကိုယ် မနေ့ကကတည်းက မင်းကိုစောင့်နေခဲ့တာ"

ကျန်းဖန်းချန်က အံကြိတ်ကာပြောလာ၏။

ပိုင်ချီ တစ်စက္ကန့်လောက်တွေးကြည့်လိုက်သည်။ သူ အဆောင်ထဲကို ပြန်ပြေးဝင်ဖို့လောက်ထိ မမြန်ဘူးဆိုတာလည်း သူ့ကိုယ်သူသိသည်။

ကျန်းဖန်းချန်မှာ တက္ကသိုလ် ပထမနှစ်နှင့် ဒုတိယနှစ်တွင် ဘတ်စကက်ဘောအသင်းတွင် ပါဝင်ခဲ့၏။ သူ၏ အရပ်အမောင်းမှာ မုတုန်လောက် မရှည်သော်လည်း ပိုင်ချီကို ဆွဲထားနိုင်ဖို့ကတော့ သူ့အတွက်မခက်ခဲပေ။

ပိုင်ချီ မျက်မှောက်ကြုတ်ကာ ကြည့်လိုက်ပြီး သူ့ပုခုံးလေးကိုကျုံလိုက်ကာ တိုးတိုးလေးပြောလိုက်သည်။ "ဘေးဖယ်။"

"ဘေးဖယ်ပြီး မင်းဘယ်သွားတာကို ခွင့်ပြုရမှာလဲ? အဲ့လူကို သွားရှာဖို့လား? ဟမ်?"

ပိုင်ချီ တကယ်ကို နားမလည်နိုင်တော့။ ကျန်းဖန်းချန်တစ်ယောက် ဘယ်လိုလုပ် ယုံကြည်မှုအပြည့်နဲ့ သူ့ကို ဆက်တိုက် လာနှောင့်ယှက်နေရတာလဲ?

ကြည့်ရတာ ရူးနေတဲ့လူတွေက သာမာန်လူတွေနဲ့ အတွေးအခေါ်ခြင်းမတူလို့ပဲဖြစ်မယ်။

ပြီးတော့ ရူးနေတဲ့လူကို ပုံမှန်လူတွေလို ပြမူလာဖို့ကိုလည်း သူ မျှော်လင့်ထားလို့ မရဘူးလေ။

ပိုင်ချီ အသက်ပြင်းပြင်းရှူလိုက်၏။ အေးစက်စက်လေကို သူ့နှာခေါင်းထဲအပြည့်ရှူလိုက်သောကြောင့် သူနှစ်ခါလောက် ချောင်းဆိုးသွားတော့သည်။

"ဘာဖြစ်လို့လဲ? အအေးမိထားလို့လား?" ရုတ်​တရက်​ ကျန်းဖန်းချန် စိတ်​ပူသွားတော့သည်​။

ပိုင်ချီ ခေါင်းမော့ကြည့်လာတော့ အေးစက်နေသည့် နှာသီးဖျားလေးမှာ နီရဲနေလေသည်။ ချောင်းဆိုးထားသောကြောင့် မျက်လုံးတစ်ဝိုက်မှာ အနည်းငယ်နီမြန်းခြင်းများဖြင့် အလှဆင်ထားသည်။

အကောင်ဆုံးဇာတ်ဆောင်မင်းသားနှင့် မဟာမိတ်လက်ထပ်ပွဲချုပ်ဆိုခြင်းWhere stories live. Discover now