10.4/11.1

4.6K 955 37
                                    


Unicode

Chapter 10.4

ချိုးစစ်ချွမ်တစ်ယောက် ကြက်ဥပေါင်းကို စိတ်မပါစွာ တစ်လုတ်စားလိုက်၏။ ကြက်ဥပေါင်းအရသာ ဘယ်လောက် အရသာရှိကြောင်း သူ မတုံ့ပြန်နိုင်ခင်လိုက်မှာပင် ပိုင်ချီက ဆက်ပြောလာလေသည်။

"ကျွန်တော်က သူ့ဖန် မဟုတ်ပါဘူး၊ ကျွန်တော်က ဒီတိုင်း ဖြတ်လျှောက်လိုပါပဲ။ ဒါပေမယ့် အဲ့တုန်း
ခင်ဗျား စင်ပေါ်မှာ ရပ်နေတဲ့ပုံစံက ဖြတ်သွားဖြတ် လာတွေတောင် ခင်ဗျားကိုတစ်ချက်လေး မကြည့်ဘဲမနေနိုင်ကြဘူး။ ခင်ဗျား စင်ပေါ်မှာ ပေါ်ပင်အက ကတာကို ကျွန်တော် မှတ်မိသေးတယ်။ ခင်ဗျားက အရမ်းကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ စင်တစ်ခုလုံးကို အုပ်စိုးထားတာ ၊ အဲ့အကကြောင့် ခင်ဗျား Weibo hot search တောင်ဝင်သွားသေးတယ်လေ။"

သူက ထိုစကားလေးအား ကိစ္စသေးသေးလေးအတိုင်း ပေါ့ပေါ့ပါးပါး ပြောနေ၏။

သို့သော် ချိုးစစ်ချွမ်ကတော့ မှင်သက်သွားတော့သည်။

ကြက်ဥပေါင်းပေါ်က ဇွန်းအား သူတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ခေါင်းမမော့ဘဲ အသံတိုးတိုးလေးဖြင့် ပြန်ဖြေလာသည်။ "ကျေးဇူးပါ။"

ဒါကိုကြားတော့ ကင်မရာသမားတွေလည်း ကြောင် အမ်းအမ်း ဖြစ်သွားကြကုန်၏။

ချီး!

ပိုင်ချီ ပြောပုံက "ငါကမင်းရဲ့အမာခံဖန်တစ်ယောက်ပါ" ဆိုတာထက်တောင် ပိုပြီးအစွမ်းထက်သေးတယ်!! သူပြောခဲ့တဲ့စကားလုံးတွေက လူတစ်ယောက်အတွက် အမြင့်မားဆုံး ချီးမွမ်းစကားတွေပဲလေ!!

"ဖြတ်သွားဖြတ်လာတွေတောင် မင်းရဲ့ ဆွဲဆောင်မှုမှာ မကျရှုံးဘဲမနေနိုင်ဘူး " အား ၊ တစ်ချိန်က နာမည်ကြီးခဲ့ တဲ့ idol တစ်ယောက်ရဲ့ နားထဲမှာ ဒီလိုမျိုး ကြားရတာထက် ပိုစိတ်လှုပ်ရှားစရာ ကောင်းတာဘာမှမရှိတော့ဘူးလေ။

ချိုးစစ်ချွမ်တစ်ယောက် စားပြီးသည်နှင့် မျက်နှာလေးပင် အနည်းငယ် ကြည့်ကောင်းသွားသည်။

ပိုင်ချီ သူယူလာသည့် ခြင်းထဲကနေ နို့သကြားလုံးလေး နှစ်လုံးကိုထုတ်ကာ ချိုးစစ်ချွမ်အား ပေးလိုက်သည်။

အကောင်ဆုံးဇာတ်ဆောင်မင်းသားနှင့် မဟာမိတ်လက်ထပ်ပွဲချုပ်ဆိုခြင်းWhere stories live. Discover now