6.7/6.8

5.3K 1K 33
                                    


Unicode

Chapter 6.7

ပါးပါးကျန်း သတိပြန်ဝင်လာကာ အိမ်တော်ထိန်းအား အမြန်လှမ်းခေါ်လိုက်သည်။

"ငါရဲ့သား ဒုတိယသခင်လေးကို ချက်ချင်းဆက်ပြီး ၊ သူ့ကိုပြောလိုက်..."

အိမ်မပြန်လာဖို့ သူ့ကိုပြောလိုက်။

မဟုတ်ဘူး၊ အဲ့လို မလုပ်နိုင်ဘူး။သူဒီလိုပြောလိုက်ရင် အရမ်းသိသာနေလိမ့်မယ်။ ဟန်စစ် တစ်ခုခု မူမမှန်တာကို သတိထားမိသွားလိမ့်မယ်။

ဒါဆို သူဘယ်လိုလုပ်ရမလဲ?

ပါးပါးကျန်းမှာ ထိုသို့သော အကျပ်အတည်းထဲ တော်တော်ကြာ တွေးတောနေမိ၏။

သူသည် လမ်းလျှောက်တုတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ သူ ဆုပ်ကိုင်ထားပုံမှာ အလွန်ပြင်း ထန်လှတာကြောင့် တုတ်ကို ကြမ်းပြင်ထဲအတင်းထိုးစိုက် နေသလိုမျိုးတောင်ဖြစ်နေသည်။

ရှီချန်းယွင် ပိုင်ချီလက်လေးကို ဆွဲခေါ်သွားပြီး အခြား ဆိုဖာခုံတွင် တန်းတန်းမတ်မတ် သွားထိုင်လိုက်သည်။

"ထိုင်လေ"

"အမ်း"

ပိုင်ချီ ပြန်ဖြေလိုက်၏။

မင်းက ငါ့ကို ဟူလီကျင်း( မြေခွေးဝိညာဉ်) အဖြစ် သရုပ်ဆောင်စေချင်တာလား? အသေးအမွှားလေးပါ!!

ပါးပါးကျန်း၏ ထူးဆန်းသော တုံ့ပြန်မှုကြောင့် ဧည့်ခန်းအတွင်းရှိ လေထုမှာ အေးခဲနေသည်။ တခဏအကြာထိ ဘယ်သူမှ စကားထပ်မပြောတော့ပေ။

ဒါက ငါလေးတောက်ပဖို့ အချိန်မဟုတ်ဘူးလား? ပိုင်ချီ လက်နှစ်ဖက်ကို အချင်းချင်းပွတ်တိုက်လျက်

ရှီချန်းယွင်ကို လှည့်ကြည့်ကာ တက်တက်ကြွကြွလေးပြောလိုက်သည်။ "ကျွန်တော် စပျစ်သီးစားချင်တယ်"

အိမ်အကူကလည်း အလိုက်သိလေသည်။ သူမက ချက်ချင်း စပျစ်သီးတစ်ပန်းကန်ကို ဆေးကြောကာသူတို့ဆီ
သို့ယူလာပေးသည်။

"အခွံကြီးမစားချင်ဘူး" ပိုင်ချီက ထပ်ပြောလာ၏။

ရှီချန်းယွင်မှာ eye smileပေါ်တဲ့အထိ အသံတိုးတိုးဖြင့် မသိမသာ ရယ်လိုက်ပြီး ပိုင်ချီအား လေးလေးနက်နက် စိုက်ကြည့်လိုက်လေသည်။

အကောင်ဆုံးဇာတ်ဆောင်မင်းသားနှင့် မဟာမိတ်လက်ထပ်ပွဲချုပ်ဆိုခြင်းWhere stories live. Discover now