11.2/12.1

4.7K 929 29
                                    


Unicode

Chapter 11.2

အချို့ထုတ်လွှင့်နေသည့် နာမည်ကြီး ရှိုးတွေတောင် ရုတ်တရက်ကြီး လွှင့်လာသည့်ဒီရှိူးဘက်ကို ကူးပြောင်းလာကြသောကြောင့်ကြည့်ရှုနှုန်းထိုးကျသွားလုနီးပါးပင်။

Weiboတွင်တော့ ပိုင်ချီအား ပုတ်ခတ်ပြောဆိုမည့်အစား သူတို့၏ အာရုံက ရှိုးဆီသို့သာ ရောက်သွားတော့သည်။

နောက်ဆုံးတွင်၊ ဗီဒီယို၏ ခေါင်းစဉ်ပေါ်လာတော့သည်။

[ကျိုးရန်ဖုန် နဲ့ ဖုချွင်ယင်းတို့တောင် ဒီရှိုးမှာပါတာလား? ]

[ ဖာ့ခ် ငါအခုတော့ နည်းနည်း သိချင်သွားပြီ.. အကောင်းဆုံး ဇာတ်ဆောင်နဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ထိမ်းမြားလက်ထပ်အပြီး သူတို့ဘဝက ဘယ်လိုလဲဆိုတာ...]

[ငါတော့ ဘာပြောရမှန်းမသိဖြစ်သွားပြီ။ ချိုးစစ်ချွမ်က သူ့နာမည်မကြီးတော့တဲ့ ဒီနှစ်နှစ်အတွင်း တကယ်ကြီးလက်ထပ်သွားတာပဲ။]

[ဟ ယန်ယိရူလည်း ပါမှာလား။ အိုး ဒါဆိုသူက သူ့ရဲ့ ချမ်းသာတဲ့ ယောက္ခမိသားစုကနေ နှင်မထုတ်ခံ ရသေးဘူးပေါ့။]

[ပိုင်ချီကို ရင်ဆိုင်ဖို့ ထွက်လာပြီ!!!]

[ငါ့ပါးစပ်က နဂိုကတည်းက ညစ်ညမ်းနေတာ၊ ငါ့ကိုဆဲခွင့်ပေးကြပါ!]

အင်တာနက်သုံးစွဲသူတွေ သူတို့၏ အမုန်းစကားများစွာ မပို့ရသေးခင်မှာဘဲ ပိုင်ချီ ချိုးစစ်ချွမ်အတွက် မနက်စာချက်ပေးသည့် အပိုင်းရောက်ရှိလာတော့သည်။

ချိုးစစ်ချွမ်သည် ဒီနှစ်တွေအတွင်း ပရိသတ်များစွာကို ဆုံးရှုံးခဲ့ရသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ သို့သော်လည်း သူ့တွင် ပရိသတ်တချို့ ကျန်နေသေး၏။ ရုပ်ဆိုးမနေသရွေ့တော့ နှလုံးသားမပြောင်းလဲသည့် ပရိသတ်တွေရှိနေဆဲပါပင်။

[ပိုင်ချီက ကြိုရှာလာတာများလား? သူကချိုးစစ်ချွမ်ရဲ့ အစာအိမ်ပြဿနာကိုတောင် သိနေတယ်။]

[ကြည့်လေ၊ ဒါက ငါသူ့အကြောင်းပြောခဲ့တာနဲ့ တစ်ပုံစံတည်းပဲ။ သူက အကြံအစည်ကြီးတဲ့ အကောင်ပါဆို! စကြဝဠာထဲမှာ ဘယ်သူကမှ သူ့ထက် အရှက်မရှိတဲ့ အကြံအစည် တွေရှိနေမှာ မဟုတ်ဘူး။ သူကစကားလေး နည်းနည်းပြောပြီး လူတွေကို မျက်နှာလိုမျက်နှာရလုပ်နိုင်တယ်။]

အကောင်ဆုံးဇာတ်ဆောင်မင်းသားနှင့် မဟာမိတ်လက်ထပ်ပွဲချုပ်ဆိုခြင်းWhere stories live. Discover now