03

26.9K 2.1K 575
                                    

လိုက်ကာကြားမှ၀င်ရောက်လာသည့် နေရောင်ဖျဖျကိုမျက်လုံးမှိတ်ခံစားရင်း ဆေးလိပ်ငွေ့တွေကိုမှုတ်ထုတ်လိုက်၏။

" ဗစ်တာ.....ဗစ်တာ...ဟန်နရီဗစ်တာ!!!! "

တစုံတယောက်ရဲ့အမည်နာမကို အလိုမကျစွာရေရွတ်ရင်း စားပွဲပေါ်မှပစ္စည်းများကိုစိတ်ရှိတိုင်းသာ ကိုင်ပေါက်ပစ်မိ၏။ထိုကောင်လေးရဲ့မျက်၀န်းထဲ တစုံတယောက်ကိုသတ်ပစ်ချင်လောက်တဲ့အထိ မုန်းတီးနေတာဖြစ်သည်။ အပြင်မှာတခါမှမမြင်ဖူးပေမဲ့ ရင်းနှီးနေတဲ့ " ဗစ်တာ "ဆိုသောအမည်နာမက ရင်ဘတ်ထဲကစိတ်ခံစားချက်တွေကို ဆူပွက်လာစေသည်။

" ခင်ဗျားကို မုန်းလိုက်တာ~~~"

၀ုတ်! ၀ုတ်!

အပြင်ဘက်မှခွေးဟောင်သံကြားလိုက်တာကြောင့် တည်ငြိမ်စွာပဲ လိုက်ကာနောက်ကွယ်မှ ပတ်၀န်းကျင်အခြေအနေကိုအကဲခတ်လိုက်၏။ အိန်ဂျယ်လေးကို လည်ပင်းကြိုးချည်ကာ လမ်းလျှောက်နေတဲ့ ခွန်ရှောင်းဇင်ပုံစံက ထိုကောင်လေးရဲ့အသိအာရုံတွေကိုရှုပ်ထွေးစေသည်။

တုန်ယင်နေတဲ့လက်တွေကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း အံကြိတ်ကာ တခန်းလုံးအမှောင်ချလိုက်၏။ ပုံမှန်မဟုတ်တဲ့ အသက်ရှုသံတွေကို ငြိမ်သက်အောင်ကြိုးစားနေသော်လည်းရှုပ်ထွေးနေတဲ့အတွေးအာရုံတွေက၀င်ရောက်လာဆဲပင်...

" တကယ်ပဲ ခင်ဗျားက ဘယ်လိုပုံစံမျိုးလဲ ဗစ်တာ "

*****

တီ တီ...

အိမ်ရှေ့မှကျယ်လောင်စွာတီးနေတဲ့ဆိုင်ကယ်ဟွန်းသံကြောင့်
လုပ်လက်စအလုပ်ကို လက်စသတ်ကာ အပြင်ကိုထွက်လာလိုက်သည် ပုံမှန်မြင်နေကျပုံစံအတိုင်း အပြာရောင်လက်ရှည်အကွက်လေးကို jean pantလေးနဲ့တွဲ၀တ်ထားတာကြောင့် မျက်နှာမမြင်ရလဲ ထိုကောင်လေးမှာ ကိုကိုမောင်မှန်း ကြိုသိပြီးသားပင်..

" မင်္ဂလာနေ့လည်ခင်းပါ ခွန်ရှောင်းခင်ဗျ "

" ဘာလာလုပ်တာလဲ "

" ကျောင်းပိတ်ရက်လေးမှာ ခွန်ရှောင်းရဲ့မျက်နှာကိုတွေ့ချင်လို့လေ "

" ဒီလိုပဲအလေလိုက်နေတာလား "

" အလေလိုက်နေတဲ့လူမိုက်မဟုတ်ပါဘူး အလိုလိုက်မဲ့လူကောင်းလေးပါဗျ မယုံရင်ချစ်ကြည့်ပါလား "

Stivan And The Psychopath ( Completed) Where stories live. Discover now