39

13.8K 1.1K 104
                                    

အစောင့်များစွာချမှတ်ထားတဲ့ခြံ၀န်းထဲ အနက်ရောင်ကားများစွာကစီတန်းကာ၀င်ရောက်လာသည်။ အဆောက်အဦးတစ်လျှောက်အလှဆင်ထားသည့် ကျောက်စီပန်းချီများကအရင်အတိုင်းဘာမှမပြောင်းလဲပဲ တောက်ပြောင်နေဆဲ။ထိုအဆောက်အဦးထဲတွင် မာဖီးယားဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များနှင့်သက်တော်စောင့်များက
ကိုယ်စီနေရာယူကာ အခမ်းအနားဖွင့်မည့်အချိန်ကိုစောင့်နေကြတာဖြစ်သည်။

" ဗစ်တာရောက်လာပါပြီ "

အဆောက်အဦးအပေါက်၀မှထွက်ပေါ်လာသည့် အသိပေးသံကြောင့်
အခမ်းအနားရှိလူအားလုံးက တိတ်ဆိတ်သွားကာဟန်နရီဗစ်တာအားလှမ်းကြည့်လိုက်သည်။ခန်းမတံခါးပေါက်မှ တစ်လှမ်းချင်း၀င်ရောက်လာသည့် လူသုံးယောက်ကြောင့်ထိုလူအားလုံးမှာ ဦးညွှတ်ကာအရိုအသေပေးလိုက်၏။ထိုအဆောက်အဦးအလယ်၌ စင်မြင့်တစ်ခုရှိပြီး ထိုစင်မြင့်အပေါ်၌ ဟန်နရီ၏အဘိုးဖြစ်သူ ဟီရိုဗစ်တာရဲ့ဓာတ်ပုံအား ရွှေဘောင်ကွပ်ကာခမ်းနားစွာဖြင့်ချိတ်ဆွဲထားတာဖြစ်သည်။

ဟီရိုမရှိတော့စဥ်တည်းက ဖျက်သိမ်းခဲ့သည့်ဂိုဏ်းပေါင်းချုပ်တွေ့ဆုံပွဲမှာ ယခုမှအသက်ပြန်လည်၀င်လာတာမို့ ဟန်နရီဗစ်တာအတွက် အနည်းငယ်စိတ်လှုပ်ရှားစေသည်။ဟန်နရီရဲ့အကြည့်တွေက အခြားဘယ်ကိုမှဦးတည်မနေပဲ အရှေ့ဘက်မှစင်မြင့်ပေါ်သို့သာဦးတည်ထားတာဖြစ်သည်။ဟန်နရီဗစ်တာ၏လက်မောင်း၌ အနက်ရောင်သားရေအပတ်နှစ်ခုပါရှိပြီး ထိုသားရေအပေါ်၌နဂါးပုံစံကိုရွှေရောင်ကနုတ်များဖြင့် အလှဆင်ထားတာမို့ ထိုအထဲတွင်ဟန်နရီဗစ်တာက အာဏာအရှိဆုံးဖြစ်သည်။ဟီရိုရဲ့နေရာကို ဆက်ခံသူဖြစ်သည့်အပြင် ဗစ်တာဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်တာကြောင့် မည်သူမှရဲတင်းစွာတောင်မကြည့်ရဲပေ။

ဟီရိုမရှိတော့စဥ်တည်းက ဖျက်သိမ်းခဲ့သည့်ဂိုဏ်းပေါင်းချုပ်တွေ့ဆုံပွဲမှာ ယခုမှအသက်ပြန်လည်၀င်လာတာမို့ ဟန်နရီဗစ်တာအတွက် အနည်းငယ်စိတ်လှုပ်ရှားစေသည်။ဟန်နရီရဲ့အကြည့်တွေက အခြားဘယ်ကိုမှဦးတည်မနေပဲ အရှေ့ဘက်မှစင်မြင့်ပေါ်သို့သာဦးတည်ထားတာဖြစ်သည်။ဟန်နရီဗစ်တာ၏လက...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Stivan And The Psychopath ( Completed) Where stories live. Discover now