16

15.9K 1.3K 409
                                    

" ကျွန်တော်ရှောင်းကိုနမ်းချင်တယ်....မဟုတ်ဘူး ကျွန်တော်ရှောင်းကိုနမ်းတော့မှာ "

" အာ့ "

ချည်နှောင်ခံထားတဲ့ရှောင်းရဲ့လက်နှစ်ဖက်က စတီဗန်ရဲ့ပါးပြင်ကိုလက်ပြန်ရိုက်ချလိုက်တာကြောင့် ပါးပြင်မှဒဏ်ရာက ပို၍သွေးထွက်လာသည်။

" ခင်ဗျား!!! "

စတီဗန်က ရှောင်းရဲ့အင်္ကျီကိုဆောင့်ဆွဲကာစိုက်ကြည့်လိုက်သော်လည်း ရှောင်းထံမှအကြင်နာမဲ့တဲ့အကြည့်တွေကိုသာပြန်လည်ရရှိလိုက်တာဖြစ်သည်။မထင်မှတ်ထားတဲ့အရာတွေဖြစ်တာကြောင့် စတီဗန်ကရှောင်းရဲ့အင်္ကျီစကိုလွှတ်ပေးရင်း ခေါင်းငုံ့ကာသက်ပြင်းချလိုက်၏။

" ခဏလေး....ခဏလေးပဲဒီအတိုင်းနေပေးလို့ရမလား ကျေးဇူးပြုပြီး... "

စတီဗန်က၀မ်းနည်းနေသည့်အသံဖြင့်ပြောကာ ရှောင်းရဲ့လက်ကိုဆုပ်ကိုင်ထားသည်။ခွန်ရှောင်းဇင်ရဲ့မျက်၀န်းတွေက ခံစားချက်မဲ့နေသော်လည်း စတီဗန်ရဲ့ဆုပ်ကိုင်မှုအောက်၌ငြိမ်သက်နေတာဖြစ်သည်။

" ကျွန်တော်သိတယ် ရှောင်းကဒီလိုလူမျိုးဖြစ်နေခဲ့လို့ အခုချိန်ရှောင်းရဲ့စိတ်တွေဆူပွက်နေမယ်ဆိုတာသိတယ် ရှောင်းရဲ့လက်တွေက တစုံတယောက်ကိုသတ်ပစ်ချင်နေမယ်ဆိုတာကျွန်တော်သိတယ် "

" ဘယ်အရာတွေကများ ရှောင်းကိုစိတ်ဒဏ်ရာပေးခဲ့ရတာလဲ...ရှောင်းအများကြီးစိတ်ပင်ပန်းနေခဲ့တယ်မလားဟင် ကျွန်တော်ရှောင်းကိုဘယ်လိုများ ဖြေသိမ့်ပေးရပါ့မလဲ "

သရုပ်မှန်ကိုသာသိခဲ့ရင်နာကျည်းသွားလောက်မည်ဟုထင်ထားခဲ့သော်လည်း စတီဗန်ကသူ့အားထွေးပွေ့ကာနှစ်သိမ့်ပေးလာတာဖြစ်သည်။

" မင်းအခုသေသွားချင်လား "

ရှောင်းကအကြည့်လွှဲရင်း အသံကိုခပ်တင်းတင်းပြောလိုက်တော့ စတီဗန်ကရှောင်းရဲ့မျက်နှာကို သူ့ဘက်ဆွဲလှည့်လိုက်သည်။

" အခုမသေချင်သေးရင် မင်းပါးပေါ်ကဒဏ်ရာကို ဆေးသွားထည့်ထားလိုက် "

" အဲ့တာ ကျတော့်ကိုစိတ်ပူလို့လား "

" ....... "

Stivan And The Psychopath ( Completed) Where stories live. Discover now