28

14.3K 1.3K 134
                                    

" ဗစ်တာရဲ့သားရောက်နေပါတယ် "

" အခန်းထဲလွှတ်လိုက် "

" ဟုတ်ကဲ့ "

ဦးထုပ်အဖြူလေးဆောင်းကာ ရိုးရိုးရှင်းရှင်း T-shirtအပွလေးနဲ့ style pantအမဲရောင်လေး၀တ်ထားတဲ့ကောင်လေးကြောင့် တဖက်လူမှာခပ်ရွဲ့ရွဲ့ပြုံးလိုက်ပြီး စတီဗန်ကိုထိုင်ဖို့ ခေါင်းညိတ်ပြလိုက်သည်။ထိုလူရဲ့ဘေးတွင် အလှလေးဟုအများတင်စားကြသည့် ဇွဲလည်းရှိနေတာကြောင့် စတီဗန်အနည်းငယ်တော့အံ့အောသွားရသည်။သေချာတာတော့ ဇွဲကလူကြိုက်များတဲ့အထဲပါမည့်ပုံပင်။

" ဗစ်တာသားက အခုလိုဖြစ်သလို၀တ်ထားတာတော့မဖြစ်သင့်ဘူးမလား "

" sorryပါဗျ ကျွန်တော်လမ်းကြုံ၀င်ခဲ့တာမို့ ဖြစ်သလို၀တ်စားထားမိရင် စိတ်မရှိပါနဲ့ "

" ပြောဆိုတာတွေကအရမ်းယဥ်ကျေးလွန်းမနေဘူးလား ဒါမှမဟုတ် ဥာဏ်များဖို့ကြံနေတာလား "

"  ကျွန်တော်ဥာဏ်များတဲ့လူတယောက်မဟုတ်ပါဘူး "

" လာရင်းကိစ္စက ? "

" ဒယ်ဒီက လုပ်ငန်းစာချုပ်လေးလာပေးခိုင်းထားလို့ လမ်းကြုံ၀င်ပေးတာပါ"

" ဗစ်တာကောကျန်းမာရဲ့လား "

" စိတ်ရင်းက ဒယ်ဒီ့ကိုအဆိုးဘက်ရောက်စေချင်နေတဲ့စကားမှန်းသိပေမယ့် ကျွန်တော့်ဒယ်ဒီကအတော်လေးကိုကျန်းမာပါတယ် "

ဇွဲရဲ့အကြည့်တွေက စတီဗန်ထံတွင်သာဦးတည်နေပြီး စတီဗန်ကလည်းဇွဲကိုပြန်လည်စိုက်ကြည့်လိုက်သည်။သို့ပေမယ့် ခဏမျှသာအကြည့်ချင်းဆုံလိုက်ပြီး စတီဗန်ကအကြည့်လွှဲလိုက်၏။

" အခုတလောဗစ်တာရဲ့လုပ်ငန်းတွေကို မင်း၀င်ပြီးကူညီနေတယ်လို့ကြားထားတယ် အဲ့တာအမှန်ပဲလား"

" ဘာလို့လဲဗျ လူကြီးမင်းရဲ့လုပ်ငန်းတွေကို ကျွန်တော်ကလုယူသွားမှာစိုးလို့လား "

" အပြောအဆိုကယဥ်ကျေးနေပြီး တကယ်အဆိပ်ပြင်းတဲ့လူမျိုးပဲ "

" အထင်လွဲနေတဲ့ပုံပါပဲ ကျွန်တော်ကအခုမှသင်ယူနေဆဲဖြစ်တဲ့ သာမန်ကောင်လေးပါပဲ "

Stivan And The Psychopath ( Completed) Where stories live. Discover now