" လင်းရောင် "
အခန်းထောင့်ကပ်ကာ ငြိမ်သက်နေသည့်လင်းရောင်ရဲ့အနားသို့ ရှောင်းချဥ်းကပ်သွားရင်းပတ်၀န်းကျင်ကို အကဲခတ်လိုက်၏။
" လင်းရောင် ငါပြောတာသေချာနားထောင်ပေးနော် ဒီလူတွေကဘယ်သူတွေမှန်းငါမသိပေမယ့် ငါတို့ကိုအန္တရာယ်ပေးမဲ့လူတွေဆိုတာအသေအချာပဲ အဲ့တာကြောင့် ဒီညနေသူတို့ဆေးလာတိုက်တဲ့အချိန်ကျရင် မင်းဒီကနေရအောင်ထွက်ပြေး "
" ဘယ်လိုများထွက်ပြေးနိုင်မှာမို့လို့လဲ "
" ပုံမှန်ဆို ညနေဆေးသောက်ချိန်ကျရင် ဒီထဲကို အစောင့်နှစ်ယောက်ပဲလာတာ အဲ့နှစ်ယောက်ကိုကိစ္စရှင်းနိုင်ရင် ဘာပဲ ဖြစ်ဖြစ်ဒီအခန်းအပြင်ကိုထွက်နိုင်မှာပဲ အဲ့ဒီအခါ စတီဗန်ကိုဖြစ်ဖြစ် အိုင်ဗန်ကိုပဲဖြစ်ဖြစ်မင်းဆက်သွယ်လို့ရပြီ "
" မင်းကကော "
" ငါကတော့ ဒီမှာပဲကျန်ခဲ့လိုက်မယ် "
" ဘာလို့လဲ ငါ့ကိုတော့ထွက်ပြေးခိုင်းပြီး မင်းကဒီငရဲခန်းထဲမှာကျန်ခဲ့မလို့လား "
" ငါတို့နှစ်ယောက်ထွက်ပြေးရင် သူတို့အတွက်ပြန်ဖမ်းမိဖို့အလွယ်လေးဖြစ်သွားမှာပဲလင်းရောင် မင်းသာထွက်ပြေးပြီးစတီဗန်တို့ကိုရအောင်ဆက်သွယ် "
" ငါမသွားဘူး "
" လင်းရောင် "
" ငါအရင်ကမင်းကိုသေလောက်အောင်မုန်းခဲ့တယ် သေလောက်အောင်လည်းသတ်ချင်ခဲ့တယ် ဒါပေမယ့် ငါမင်းကိုသံယောဇဥ်ရှိနေတုန်းပဲ မင်းကရှိန်းခန့်ပိုင်ရဲ့သားအရင်းဆိုပေမယ့် ငါလည်းအချစ်ခံထိုက်တယ်မလား ငါလည်းမွေးစားသားပဲလေ "
" ငါလည်းမင်းကိုမုန်းခဲ့တာတော့အမှန်ပဲ ဒါပေမဲ့သတ်ပစ်လောက်တဲ့အထိ ခံစားချက်မဲ့နေတာတော့မဟုတ်ပါဘူး အနည်းဆုံးတော့ ငါတို့ကငယ်သူငယ်ချင်းတွေပဲလေ ကိုကိုမောင်တို့အုပ်စုလို့ပြောရင် ငါတို့သုံးယောက်ကလွဲပြီး ဘယ်သူများရှိအုံးမှာလဲ "
ရှောင်းရဲ့စကားကြောင့် လင်းရောင်ကခေါင်းငုံ့ကာကြိတ်ရယ်ရင်း ကြမ်းပြင်ပေါ်လှဲချလိုက်၏။