" ရှောင်း ဒီနေ့မှာကျွန်တော်တို့နှစ်ယောက်အတွက် ချိန်းဆိုမှုလေးတစ်ခုရှိတယ် "
စတီဗန်က ရှောင်းရဲ့မျက်နှာကို မေးထောက်ကာငေးကြည့်ရင်း ပြုံးပြလိုက်၏။ရှောင်းရဲ့လက်တစ်ဖက်ကို ဆုပ်ကိုင်ထားပုံက နူးနူးညံ့ညံ့။
" ဘာချိန်းဆိုမှုလဲ "
" ချိန်းဆိုမှုကိုမပြောခင် အဖြေနှစ်ခုထဲက တစ်ခုရွေးပေးရမယ် နံပါတ်(1)ကိုရွေးမလား နံပါတ်(2)ကိုရွေးမလား "
" ဘာအဖြေမှန်းမသိပဲ ငါကဘယ်လိုရွေးရမလဲ "
" နံပါတ်(1)က လက်ခံပါတယ် နံပါတ်(2)က လုံး၀လက်ခံပါတယ် "
" ဟေး ကလေး....မင်းဟာကအဖြေအတူတူပဲလေ "
" ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့ရွေးပေးသင့်တယ်မလား ခွန်ရှောင်းဇင်ခင်ဗျ "
လွတ်လမ်းမရှိတဲ့အဖြေတွေသာမို့ ရှောင်းကခေါင်းကိုအသာရမ်းရင်း ပါးချိုင့်လေးများပုန်းကွယ်နေသည့်စတီဗန်ရဲ့ပါးတစ်ဖက်ကို သူ့လက်ချောင်းလေးဖြင့်ခပ်ဖွဖွထိုးလိုက်သည်။
" ဒါဆိုလည်းနံပါတ်(2)ပေါ့ "
" ဒါဆို ကျွန်တော်ခေါ်တဲ့နေရာကိုလိုက်ခဲ့ရမယ် "
" ဘယ်နေရာလဲ "
" ရှုး....ပြောပြလိုက်ရင်ဘယ်ရင်ခုန်တော့မှာလဲ ဒီလူကရင်ခုန်အောင်လုပ်ချင်တာ "
" အထူးအဆန်းတွေ "
" အထူးရယ် အဆန်းရယ် မရိုးတာကတော့ကျွန်တော့်ရှေ့က ရှောင်းရဲ့မျက်နှာလေးရယ်ပါ "
စတီဗန်က သူပြောနေကျစကားအားမညည်းမငြူပြောဆိုရင်း
ဆိုဖာပေါ်မှအင်္ကျီဘူးအား လှမ်းယူလိုက်သည်။" ဒီထဲက အင်္ကျီလေးပြောင်း၀တ်လိုက်နော် "
စတီဗန်က သူ့လက်ထဲမှအင်္ကျီဘူးအား ရှောင်းလက်ထဲသို့ထည့်ပေးကာ သူကိုယ်တိုင်လည်း အင်္ကျီလဲ၀တ်ဖို့ပြင်၏။
" Van ဒါကဘာအတွက်လဲ "
ဘူးအထဲတွင်ပါရှိသည့် ကုတ်အင်္ကျီအဖြူနှင့်သတို့သား၀တ်စုံကရှောင်းအတွက် အံ့သြသွားစေတာမို့ စတီဗန်အားနားမလည်စွာမေးလိုက်ခြင်းဖြစ်သည်။