41

14.3K 1.1K 47
                                    

*အိုင်ဗန်ရှုံးပါစေ အိုင်ဗန်ရှုံးပါစေ

လင်းရောင်တစ်ယောက်စိတ်ထဲရေရွတ်ရင်း အိုင်ဗန်ရဲ့မျက်နှာလေးကိုမသိမသာခိုးကြည့်လိုက်၏။တင်းတင်းစေ့ထားသောနှုတ်ခမ်းမှာ အနည်းငယ်ပန်းရောင်သန်းနေပြီး တစ်စုံတစ်ခုကိုသေချာအာရုံစိုက်ထားတဲ့ပုံပင်။

" ငါတို့ကဒီပုလင်းကိုလှည့်မယ် ပုလင်းခေါင်းဦးတည်သွားတဲ့လူက မေးတဲ့မေးခွန်းကိိုအမှန်အတိုင်းဖြေရမယ် အကယ်၍မဖြေနိုင်ရင် ခိုင်းတဲ့အတိုင်းလုပ်ရမယ် "

အကုန်လုံးသဘောတူပြီဆိုတာမှ စတီဗန်ကကိုယ်တိုင်ဦးဆောင်ကာ ထိုပုလင်းကိုအားဖြင့်လှည့်လိုက်သည်။ အားပြင်းစွာလှုပ်ရှားသွားသောပုလင်းလေးမှာ လင်းရောင်ကိိုဦးတည်ကာရပ်တန့်သွား၏။သို့ပေမယ့် အရှုံးမပေးချင်သည့်လင်းရောင်က သူ့ခြေထောက်တဖက်ကိုကျုံ့ထိုင်လိုက်ပြီး ခွန်ရှောင်းဘက်သို့အနည်းငယ်တိုးလိုက်သည်။

" သေချာကြည့် ပုလင်းခေါင်းကအိုင်ဗန်ဘက်ကိိုဦးတည်နေတာ "

လင်းရောင်တမင်ညစ်နေမှန်းသိပေမယ့် သူငယ်ချင်းအချင်းချင်းမို့ စတီဗန်နှင့်ခွန်ရှောင်းကမသိချင်ယောင်ဆောင်နေလိုက်သည်။အိုင်ဗန်ကတော့ မျက်မှောင်ကုတ်ကာ လင်းရောင်အားလှည့်ကြည့်လိုက်၏။

" ငါ့ထက် ဒီပုလင်းကမင်းဘက်ကိုဦီးတည်နေတာထင်တယ်နော် "

တည်ငြိမ်စွာပဲပြောလာတဲ့အိုင်ဗန်ကြောင့် လင်းရောင်မှာအနည်းငယ်စိတ်လှုပ်ရှားသွားတော့သည်။သို့ပေမယ့် သူဘယ်လိုနည်းနဲ့မှ အရှုံးမပေးချင်တာအမှန်။

" မင်းရှုံးပါတယ်ဆိုကွာ အဲ့တာလက်ခံလိုက် "

လင်းရောင်က အရှုံးကိုလုံး၀လက်မခံချင်သည့်ပုံစံပေါက်နေတာကြောင့် အိုင်ဗန်ကခပ်ရေးရေးပြုံးကာ ထိုပုလင်းအဖုံးကိုသူ့ဘက်ရောက်သည်အထိဆွဲလှည့်လိုက်တော့သည်။

" ဒီတော့ ငါရှုံးသွားပြီပေါ့ "

" အင်း "

" အဲ့တော့ ဘာမေးခွန်းမေးမှာလဲ "

သူ့ကိုဦးတည်ကာမေးမြန်းလာသည့်အိုင်ဗန်ကြောင့် လင်းရောင်ကတံတွေးမြိိုချလိုက်ပြီး လက်ထဲမှကိုလာဘူးလေးကိုယူသောက်လိုက်သည်။

Stivan And The Psychopath ( Completed) Where stories live. Discover now