" မင်းသက်သာရဲ့လား "
အိုင်ဗန်က လင်းရောင်လက်မှပွန်းပဲ့ဒဏ်ရာတွေကို အရက်ပြန်ဖြင့်ပွတ်ချလိုက်တာမို့ လင်းရောင်ကမျက်ခုံးလေးတွန့်ချိုးကာ အံကြိတ်လိုက်သည်။
" sorry... အရက်ပြန်ထည့်တာနည်းနည်းများသွားလို့ "
" မင်းကကြင်ကြင်နာနာမှမရှိတာ "
" ကြင်နာပြတော့ရော အကောင်းမြင်လို့လား "
" မသိဘူး ဘာမှလာမပြောနဲ့ "
" လင်းရောင်ရှိန်း "
" ဘာလဲ "
" ကျေးဇူးပြုပြီး ငါ့ကိုအကောင်းမြင်စိတ်နဲ့ကြည့်ပေးလို့ရမလား မင်းအပေါ်ထားတဲ့ငါ့ခံစားချက်တွေကို မြင်အောင်ကြည့် "
" ကြည့်နေတာပဲလေ "
" အဲ့တာဆို ငါ့ရင်ခုန်သံတွေကောကြားရလား "
အိုင်ဗန်က လင်းရောင်ရဲ့လက်ကိုဆွဲယူကာ သူ့၀ဲဘက်ရင်အုံပေါ်သို့ ဖိကပ်လိုက်တာမို့ အလျှင်အမြန်တုန်ယင်နေတဲ့နှလုံးခုန်သံတွေကို လင်းရောင်ခံစားနေမိတာဖြစ်သည်။
" မင်းနှလုံးခုန်သံတွေ အရမ်းမြန်နေတယ် "
" အဲ့တာ မင်းနဲ့တွေ့တဲ့အချိန်တိုင်းပဲ "
အိုင်ဗန်က လင်းရောင်ရဲ့မျက်၀န်းတွေကိုသေချာစူးစိုက်ကြည့်ကာပြောလာတာမို့ လင်းရောင်ကတစ်ဖက်ကိုခပ်မြန်မြန်လေးအကြည့်လွှဲလိုက်၏။
" အင်္ကျီချွတ် "
" ဘာ!! "
" ဆေးလိမ်းပေးမလို့ပြောနေတာ...တခြားလျှောက်မတွေးနဲ့ "
" ရူးနေလား ငါကဘာကိုလျှောက်တွေးရမှာလဲ "
" အဲ့တာကတော့ မင်းကိုယ်တိုင်ပဲသိမှာပေါ့ အဟက် "
" အိုင်ဗန် ! "
" ဟုတ်ပြီကွာ ထပ်မပြောတော့ဘူး အင်္ကျီသာချွတ် "
အိုင်ဗန်က ဆေးလိမ်းပေးဖို့ဆေးဘူးတွေလှမ်းယူလိုက်တာမို့ လင်းရောင်ကသူ့နောက်ကျောမှ အင်္ကျီအားဆွဲလှန်လိုက်သည်။အိုင်ဗန်ကတော့ လင်းရောင်ကျောပေါ်မှ ဒဏ်ရာဟောင်းများနှင့် ယခုမှရလာသည့်ဒဏ်ရာအသစ်များကိုကြည့်ကာ စိတ်မကောင်းဖြစ်သွားပုံရ၏။