26

15K 1.2K 200
                                    

" Van အဲ့လိုလုပ်ရတာမဟုတ်ပါဘူး ဘယ်ဘက်ထောက်တိုင်ထဲ ဒါကိုထည့်ရမှာ "

" မဟုတ်ပါဘူး ရှောင်းရယ် ညာဘက်ထောက်တိုင်ထဲထည့်ရမှာပါ ကျွန်တော်လုပ်ပြတာသေချာကြည့် "

" ဘယ်ဘက်ပါဆို !! "

" ညာဘက်ပါဆို "

တစ်ယောက်တစ်ခွန်းငြင်းဆန်သံများက ထိုအိမ်လေးထဲပျံ့လွှင့်လျှက်ပင်။ကိစ္စကြီးကြီးမားမားကြောင့် ငြင်းတာမဟုတ်ပဲ အိန်ဂျယ်အိပ်ဖို့ ကုတင်အသေးလေးလုပ်ပေးရင်း ငြင်းဆန်နေကြခြင်းသာ။

" အဲ့တာငါ့ကိုပေး ငါလုပ်ပြမယ် "

" ရှောင်းကကွာ ကျွန်တော်သိပါတယ်ဆိို ရှောင်းကကျွန်တော့်ကိုမယုံတာလား "

" မဟုတ်ဘူး ငါကိုယ်တိုင်လုပ်ပြမလို့ "

" ကျွန်တော်လုပ်တတ်ပါတယ် "

" ငါ့ကိုပေးပါဆို "

" ရှောင်း မောင်ပြောတာနားထောင်ပေးကွာ "

မောင်ဆိုတဲ့အသုံးအနှုန်းက စတီဗန်ထံမှကြားရခဲပေမဲ့ ထိုကောင်လေးထံမှ မောင်ဟုသုံးနှုန်းလိုက်တိုင်း ရှောင်းရဲ့ရင်ဘတ်ထဲဗြောင်းဆန်သွားတာဖြစ်သည်။

" မင်း...မင်းပဲလုပ်ပြတော့ "

" အစတည်းကအခုလိုလေးနားထောင်လိုက်ရောပေါ့....အခုတော့ ကျွန်တော်နဲ့ငြင်းဆန်ရတော့ ရှောင်းပဲမောရတယ် "

စတီဗန်ဘက်ကသာ ဘယ်လိုမှမနေပေမဲ့ ရှောင်းကတော့အခုချိန်ထိနှလုံးခုန်သံတွေမြန်ဆန်နေဆဲဖြစ်သည်။ ထိုကောင်လေးက သူ့ရဲ့အားနည်းချက်ကိုကောင်းကောင်းသိပြီး အချစ်တွေကိုအမျိုးမျိုးလိမ်ယူနေသည့် ကောင်းဆိုးလေး။

" တွေ့လား ကျွန်တော်လုပ်ပြတာအမှန် "

" ဟုတ်ပါတယ် ငါပဲမှားတာပါ "

" အမှားကိုလက်မခံချင်တဲ့ပုံစံနဲ့ "

" ၀ုတ် ၀ုတ် !! "

စတီဗန်ဘက်မှ ရှောင်းကိုရုတ်တရက်လှမ်းဆွဲကာကြမ်းပြင်ပေါ်လှဲချလိုက်တာမို့ အိန်ဂျယ်လေးရဲ့အတွေးထဲ သူ့သခင်ကိုနှိပ်စက်နေတယ်ဟုထင်ကာ ဟောင်နေခြင်းဖြစ်သည်။

Stivan And The Psychopath ( Completed) Where stories live. Discover now