" ခွေးသား!! မင်းနဲ့ခွန်ရှောင်းက ချစ်သူတွေတောင်ဖြစ်သွားကြပြီဆို ? ငါ့ကိုမပြောပဲ သာယာနေကြတယ်ပေါ့ "
ကျောင်းခန်းအပေါက်၀မှ ပိတ်ရပ်ကာစစ်ဆေးမေးမြန်းလာသည့် လင်းရောင်ကြောင့် စတီဗန်ကမျက်စိတစ်ဖက်မှိတ်ကာလင်းရောင်ရဲ့ပခုံးကိုလှမ်းဖက်လိုက်သည်။
" မင်းကိုပြောပြမလို့ပါပဲကွာ လူချင်းမတွေ့သေးတာနဲ့ပဲ "
" ခြေလှမ်းတွေသွက်နေတာနော် "
" အဲ့လိုမပြောနဲ့ကွာ ငါရှောင်းကိုတကယ်ချစ်တာ"
" အေးပါကွာ မင်းတို့ခေတ်ပဲ လုပ်ကြပေါ့ "
" ငါ့သူငယ်ချင်းကြီးလည်း အမြန်ဆုံးချစ်သူရပါစေကွာ "
" ချစ်သူက ဘယ်အရပ်ရောက်နေမှန်းတောင်မသိဘူး "
ရွဲ့စောင်းကာပြောလာသည့်လင်းရောင်ရဲ့နားထင်ကို စတီဗန်ကမထိတထိလှမ်းရိုက်ရင်းခွန်ရှောင်းရဲ့အနောက်ခုံတန်းတွင်၀င်ထိုင်လိုက်သည်။
" Morningရှောင်း"
" ဒီနေ့တော့ စောသားပဲ "
" ရှောင်းရဲ့မျက်နှာလေးကိုတွေ့ချင်လို့ အစောကြီးလာခဲ့တာလေ ကျွန်တော်တို့ canteenသွားကြမလား "
" သဘောပဲလေ လင်းရောင်ကိုပါခေါ်လိုက် "
" ဟေ့ကောင် မင်းလိုက်မှာလား "
" မင်းတို့ပဲသွားကြပါတော့ကွာ မဟုတ်ရင်ငါက အရှုပ်ထုပ်လိုဖြစ်နေအုံးမယ် "
" မဖြစ်ပါဘူးကွာ လိုက်ခဲ့လေ "
" တော်ပါပြီ ဖုန်းပဲကြည့်နေတော့မယ် "
" အဲ့တာဆိုလဲပြီးရော ခဏနေရင်ပြန်လာခဲ့မယ် "
စိတ်မြန်လက်မြန်ရှိတဲ့စတီဗန်က ရှောင်းရဲ့လက်ကိုလှမ်းဆွဲကာ စာသင်ခန်းထဲမှထွက်လာလိုက်သည်။လင်းရောင်ကတော့ အချစ်ငှက်ငယ်နှစ်ကောင်အားအမြင်ကပ်စွာ မျက်စောင်းထိုးရင်းပွစိစိနှင့်ကျန်ခဲ့၏။
" ညက အိပ်ရေး၀၀အိပ်ရဲ့လား ရှောင်း "
" အင်း "
" မနက်စာကော ၀၀လင်လင်စားခဲ့ရဲ့လား "
" အင်း "