အိုင်ဗန်တို့ချိန်းတွေ့တာနှစ်ပတ်ရှိပြီဖြစ်သော်လည်း ယခုအချိန်ထိဘာမှထူးခြားမလာပေ။အေးစက်စက်နိုင်လွန်းတဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ယခုတိုင်ခြောက်သွေ့နေဆဲ။
" လင်းရောင် "
အိုင်ဗန်က စိတ်မရှည်စွာလှမ်းခေါ်လိုက်တာမို့ လင်းရောင်ကမျက်ခုံးတစ်ချက်သာပင့်ပြရင်း အိုင်ဗန်ကိုလှည့်ကြည့်လာသည်။
" ငါနဲ့မင်းနဲ့ကဘာလဲ "
" သူငယ်ချင်းလေ "
" ရည်းစားက ဘယ်တော့ဖြစ်မှာလဲ "
" ဘယ်လိုတောင်ပြောရဲတာလဲ မင်းရဲ့အခုလိုအပြောအဆိုတွေနဲ့ဆိုရင်တော့လေ ရည်းစားတယောက်မှရမှာမဟုတ်ပါဘူး "
" ရည်းစားကအများကြီးရစရာမလိုပါဘူး မင်းတယောက်ဆိုရပြီ "
" အော် မင်းပုံစံကအရမ်းပြန်ချစ်ပေးချင်စရာကောင်းနေတာဆိုတော့လေ... "
ခပ်ရွဲ့ရွဲ့ပြောကာ သူ့လက်ကိုဖြုတ်ပြီး အရှေ့မှတယောက်ထဲလမ်းလျှောက်သွားသူကြောင့် အိုင်ဗန်ပို၍စိတ်ကျဥ်းကျပ်လာသည်။အရင်တည်းက သူများလိုဖွဲ့ဖွဲ့နွဲ့နွဲ့မပြောတတ်တာမို့ လင်းရောင်ရဲ့နှလုံးသားကို အပိုင်သိမ်းဖို့မျှော်လင့်ချက်လေးတွေက ပျောက်ဆုံးလာရ၏။
" လင်းရောင် ခဏနေအုံး "
" ဘာလဲ "
" ငါ့လက်ကိုပြန်တွဲထားပေးပါလား "
" မတွဲချင်ဘူး "
" ငါ့ကိုစိတ်ဆိုးနေတာလား "
" မဆိုးဘူး "
" ငါအပြောအဆိုမတတ်လို့မင်းစိတ်ဆိုးနေမှန်းသိပါတယ် ဒါပေမဲ့မင်းကို ပေါ့ပေါ့တန်တန်သဘောထားနေတာမဟုတ်ပါဘူး ငါမင်းကိုတကယ်ချစ်တာပါ "
" အဲ့တာငါက ဘယ်လိုယုံပေးရမှာလဲ "
" ငါလေမင်းကြောင့် အဲ့နေ့ကဘာမှမစဥ်းစားပဲ ငါ့အဖေရဲ့အရေးကြီးအချက်အလက်တွေကို ဗစ်တာဆီကိုပိို့ပေးခဲ့တာ.... ဘာကိုမှအရေးမစိုက်ချင်တဲ့ငါက မင်းကြောင့်အဲ့လိုနေရာတွေအထိ ငါ၀င်ပါပေးခဲ့တာ...ငါ့အဖေတယောက်လုံးဆုံးရှုံးသွားတဲ့အထိကို ငါမင်းဆီမှာပုံအပ်ခဲ့တာ အဲ့နေ့ကမင်းကြောင့်မို့လို့ ငါအကုန်စတေးခဲ့တာ...အဓိက,က မင်းဖြစ်နေလို့ "