40

13.5K 1.1K 74
                                    

ဒယ်ဒီ "

ဟန်နရီကိုမြင်သည်နှင့် စတီဗန်ကကလက်လှမ်းပြကာ သူ့အဖေရင်ခွင်ထဲသို့ပြေး၀င်သွား၏။Samနှင့်ဟန်နရီက Switzerlandသို့ပြန်တော့မှာမို့ စတီဗန်ကလေဆိပ်တွင်လာရောက်နှုတ်ခြင်းဖြစ်သည်။သို့ပေမယ့်ရှောင်းကတော့ မလှမ်းမကမ်းတွင်သာရပ်ကျန်နေခဲ့၏။ဒါကလည်း ဗစ်တာအပေါ်ရှောင်းအထင်မှားခဲ့မိတာမို့ အပြစ်ရှိသလိုခံစားနေရတာကြောင့်ဖြစ်သည်။

" ဒယ်ဒီ ကျွန်တော်ရှောင်းကိုလည်းခေါ်လာတယ် ရှောင်းကအရင်လိုမဟုတ်တော့ပါဘူး "

စတီဗန်ရဲ့စကားကြောင့် ဟန်နရီကရှောင်းကိုလှမ်းကြည့်ကာ အကဲခတ်လိုက်၏။

" ဒယ်ဒီ ခွန်ရှောင်းဇင်နဲ့စကားခဏပြောချင်တယ် "

အခြေအနေတွေကိုနားလည်တဲ့စတီဗန်က ခေါင်းကိုအသာညိတ်ကာ Samရဲ့ဘေးသို့ကပ်သွားလိုက်၏။ရှောင်းကတော့ မ၀ံ့မရဲဖြင့်ဟန်နရီထံဦးတည်လာတာဖြစ်သည်။

ရှောင်းကသတ္တိနည်းပါးသည့်သူမဟုတ်သော်လည်း ဟန်နရီကိုရဲတင်းစွာမကြည့်ရဲပေ။အထူးသဖြင့် ဟန်နရီကဘာစကားတစ်ခွန်းမှမပြောသေးပဲသူ့ကိုအကဲခတ်နေတာမို့ ရှောင်းတကယ်ကိုအနေကျပ်လာတော့၏။

" မင်းခန္ဓာကိုယ်ထဲမှာ ရှိန်းခန့်ပိုင်ရဲ့သွေးတွေအပြည့်ပါနေတာကြောင့် ငါ့သားကိုတော့ ကစားဖို့မကြံနဲ့ခွန်ရှောင်းဇင် "

" အရှေ့မှာချပြခဲ့မိတဲ့ကျွန်တော့်ပုံစံကြောင့် တကယ်ကိုအားနာမိပါတယ် ဒါပေမယ့်ကျွန်တော်စတီဗန်ကိုဘယ်တော့မှနာကျင်အောင် ထပ်မလုပ်တော့ပါဘူး  "

" လိမ်နေတယ်ဆိုရင်တောင် ငါကယုံကြည်ပေးမှာမို့ စတီဗန်ကိုအဆုံးထိ ဖက်တွယ်ထားပေးပါ သူ့မှာမင်းမရှိလို့မဖြစ်ဘူး "

" စိတ်ချပါ ကျွန်တော့်ရဲ့ကတိကို လက်တွေ့ပဲသက်သေပြပေးမှာပါ"

ရှောင်းက စိတ်ကိုတည်ငြိမ်စွာထားရင်း ဟန်နရီကိုမ၀ံ့မရဲမော့ကြည့်လိုက်၏။အရင်လိုတင်းမာနေတဲ့မျက်နှာထားမျိုးမဟုတ်ပဲ သူ့အားဟန်ဆောင်ခြင်းမရှိပြုံးပြလာတာမို့ ရှောင်းရင်ထဲပျော်ရွှင်သွားရသည်။

Stivan And The Psychopath ( Completed) Where stories live. Discover now