18

15.4K 1.4K 273
                                    

ညနက်နေပြီဖြစ်သော်လည်း အာရုံတွေထွေပြားနေတာကြောင့် ရှောင်းအိပ်ယာပေါ်လူးလိမ့်ကာ သက်ပြင်းအကြိမ်ကြိမ်ချနေမိ၏။

ရုတ်တရက်ဖြတ်ကနဲမြင်လိုက်ရတဲ့ လူအရိပ်ကြောင့် ရှောင်းအသံကျယ်လောင်စွာမထွက်မိအောင်ကြိုးစားရင်း ခေါင်းအုံးအောက်မှ ဓားချွန်ကိုယူကာ လိုက်ကာနားချဥ်းကပ်လိုက်သည်။
ပတ်၀န်းကျင်တခုလုံးတိတ်ဆိတ်ပြီး သက်ရှိအရာဘာတခုမှမတွေ့ရတာကြောင့် လက်ထဲကဓားကိုပြောင်းပြန်အနေအထားဖြင့် လက်ကြားထဲဖွက်ကာ ထိုအခန်းထဲမှထွက်လာလိုက်သည်။

အခန်းအပြင်ရောက်တာနဲ့ လျှက်တပြတ်မြင်လိုက်ရတဲ့လူအရိပ်ကို ရှောင်းကိုယ်တိုင်လိုက်ရှာမိသည်။ မီးရောင်ဖျဖျသာမြင်နေရတဲ့ အိမ်အောက်ထပ်ကိုဆင်းကာ ခေါင်းကိုဘယ်ညာ၀ေ့ယမ်းကာ ရှာမိသော်လည်းထူးထူးခြားခြားမတွေ့ရ။

ရုတ်တရက်ဆိုသလို တံခါးနောက်မှာကွယ်ကာရပ်နေတဲ့အမည်မသိလူစိမ်းက ရှောင်းကိုအနောက်မှခုန်အုပ်ကာ ဖမ်းချုပ်ဖို့ကြိုးစားလိုက်သည်။ သာမန်လူအတွက်ထိုအရာကထိတ်လန့်စရာကောင်းပေမဲ့ ခွန်ရှောင်းဇင်အတွက်ကတော့ သူ့ရဲ့ပုန်းအောင်းနေတဲ့စိတ်တွေကိုပို၍နှိုးဆွလာသလိုဖြစ်လာသည်။ မျက်လုံးအကြည့်တွေကချက်ချင်းသွေးအေးလာကာ လက်ထဲကဓားကိုလှည့်ပြီး ထိုလူရဲ့မျက်နှာကိုခြစ်ချလိုက်သည်။ မီးရောင်အနည်းငယ်သာမြင်နေရတာမို့ ထိုလူရဲ့မျက်နှာကိုတော့သေချာမမြင်ရပေ....

တဖက်လူက သူ့အင်္ကျီကြားထဲမှသေနတ်ကိုထုတ်ကာ ခွန်ရှောင်းရဲ့ဦးခေါင်းတည့်တည့်ကိုချိန်လိုက်တာမို့ ပြန်ခုခံ၍မရတော့ပေ။ခွန်ရှောင်းခဏတာ ငြိမ်သက်သွားပေမဲ့ ကြောက်လန့်စိတ်ကအနည်းငယ်တောင်ရှိမနေ။

" ငါ့အသားကိုနာအောင်လုပ်တဲ့ ယုန်ငယ်လေးကိုသတ်ပစ်ရတော့မယ်ထင်တယ် "

တဖက်လူရဲ့စကားကြောင့် ခွန်ရှောင်းကခပ်ရွဲ့ရွဲ့ပြုံးကာ ထိုလူကိုစိုက်ကြည့်လိုက်သည်။ မျက်တောင်မခပ်ပဲခေါင်းကဘယ်ဘက်ကိုအနည်းငယ်စောင်းကာ ခြေချောင်းတွေကုပ်၀င်လာတာမို့ ခွန်ရှောင်းဇင်ပုံမှာ သာမန်ထက်ထိတ်လန့်စရာကောင်းနေသည်။

Stivan And The Psychopath ( Completed) Where stories live. Discover now