20

15.3K 1.3K 278
                                    

စတီဗန်တို့သုံးယောက်လုံးသတိရလာပြီဖြစ်သော်လည်း မျက်နှာတွေကိုအ၀တ်နဲ့အုပ်ကာ လက်တွေကိုနောက်ပြန်ချည်နှောင်ခံထားရတာကြောင့် အမည်မသိသူစိမ်းများခေါ်ဆောင်ရာနောက်သာလိုက်လာရတော့သည်။သို့ပေမယ့် သူတို့သုံးယောက်လုံးကကြောက်လန့်တုန်လှုပ်မနေပေ။

" သူတို့ တကိုယ်လုံးကိုစစ်ဆေးလိုက် "

အမိန့်ပေးသံကြောင့် သူတို့သုံးယောက်လုံးကို ကျောက်ဆောင်နံရံတွေပေါ် မျက်နှာလှည့်ခိုင်းကာ တကိုယ်လုံးစစ်ဆေးကြသည်။စတီဗန်ကိုယ်ပေါ်မှဘာလက်နက်မှထွက်မလာသော်လည်း ခွန်ရှောင်းဇင်ရဲ့ဘောင်းဘီအိတ်ကပ်ထဲမှ ဓားချွန်တချောင်းထွက်ကျလာသည်။

" သူတို့မျက်နှာပေါ်က အ၀တ်တွေဖယ်ပေးလိုက် "

" ဟုတ်ကဲ့ "

မလှမ်းမကမ်းမှခပ်ပြတ်ပြတ်ထွက်လာတဲ့အသံကြောင့် လူသုံးယောက်မှစတီဗန်တို့ရဲ့မျက်နှာပေါ်မှ အ၀တ်တွေကိုဖယ်ရှားလိုက်သည်။

ပတ်၀န်းကျင်အနေအထားကိုမြင်ရတာနဲ့ စတီဗန်ရဲ့အကြည့်တွေကထိုလိုဏ်ခေါင်းတခုလုံးကို ခြုံငုံကာကြည့်လိုက်ပြီး နှုတ်ဆိတ်နေလိုက်သည်။

သူတို့အရှေ့မှ လက်ပိုက်ကာကြည့်နေသူက ဟန်နရီထက်အသက်ပိုကြီးကာ လက်ဖမိုးတခုမှာမီးလောင်ဒဏ်ရာရှိနေသည်။ ထိုလူက လီယမ်ဂိုဏ်းရဲ့အာဏာရှိပုဂ္ဂိုလ် ရေးလီယမ်ပင်။

" စောက်သုံးကိုမကျဘူး ငါ့ရဲ့အထူးဧည့်သည်တွေကို ကြမ်းကြမ်းတမ်းတမ်းဘယ်သူခေါ်ခိုင်းလိုက်လို့လဲ "

စကားဆုံးတာနဲ့ ရေးလီယမ်မှ သူ့အရှေ့မှနောက်လိုက်တယောက်ကို ခြေထောက်ဖြင့်ဆောင့်ကန်ကာ ဒေါသတွေကိုပုံချလိုက်သည်။ တမင်ဟန်ဆောင်ကာ လုပ်ပြနေမှန်းစတီဗန်သိတာကြောင့် အခြေအနေတွေကိုသာအကဲခတ်နေလိုက်၏။

" သူတို့သုံးယောက်လုံးကို ကြိုးဖြည်ပေးလိုက် "

" ဟုတ်ကဲ့ "

စတီဗန်တို့လက်တွေလွတ်မြောက်သွားတာနဲ့ ခွန်ရှောင်းရဲ့ခန္ဓာကိုယ်လေးကို စတီဗန်လှမ်းဆွဲကာ သူ့ဘေးကပ်ထားလိုက်သည်။

Stivan And The Psychopath ( Completed) Where stories live. Discover now