14

15.7K 1.4K 468
                                    

" ကျွန်တော် ဒယ်ဒီ့ကိုချစ်တယ် လွမ်းနေရတော့မှာပဲ "

ရင်ခွင်ထဲအတင်းတိုး၀င်ကာ အလွမ်းသယ်လာသည့်သားဖြစ်သူကြောင့် ဟန်နရီကခပ်ရေးရေးပြုံးရင်း စတီဗန်ရဲ့ကျောပြင်ကိုပွတ်ပေးလိုက်သည်။

" ဘာပြဿနာမှမရှာပဲ လိမ်လိမ်မာမာနေမယ်မလား "

" ကျွန်တော်က အရမ်းဆိုးတဲ့ထဲမပါတာဒယ်ဒီလည်းသိရဲ့သားနဲ့ "

စတီဗန်က သူ့အဖေကိုခပ်ချွဲချွဲလေးပြောနေတာမို့ ဟန်နရီကမလှမ်းမကမ်းတွင်ရပ်ကြည့်နေသည့် ခွန်ရှောင်းဇင်အားအကဲခတ်လိုက်သည်။

"ဒယ်ဒီရှောင်းနဲ့ခဏစကားပြောချင်တယ် "

ဟန်နရီရဲ့အကြည့်တွေက စတီဗန်အနောက်တွင်ရပ်နေသည့်ရှောင်းဆီကိုဦးတည်နေတာကြောင် စတီဗန်ခဏတာတွေ၀ေသွားသည်။
သို့ပေမယ့်ရှောင်းဘက်မှ ခေါင်းညိတ်ပြလိုက်ခါမှ စတီဗန်ထိုနေရာမှခဏရှောင်ထွက်ကာ အချိန်ပေးလိုက်သည်။

ထုံးစံအတိုင်း သူ့ကိုတွေ့သည်နှင့်ခေါင်းကိုငုံ့ကာခြေချောင်းလေးတွေကိုကုပ်ဖွက်ထားတဲ့ရှောင်းကြောင့် ဟန်နရီကသူ့လည်ပင်းထက်မှ necktieကိုအနည်းငယ်ဖြေလျော့ရင်း အကဲခတ်လိုက်သည်။ခပ်ထူထူမျက်ခုံးလေးတွေမှာ အနည်းငယ်တွန့်ကွေးနေပြီး ပါးစောင်ကိုလျှာနဲ့ထိုးကာ အကဲခတ်နေတာကြောင့် ရှောင်းအတွက်နေရခက်လာ၏။

" နှစ်ယောက်ထဲရှိတာမို့လို့ ဒီအတိုင်းကြောက်လန့်နေတာမျိုးမဟုတ်ပဲ မင်းရဲ့မူရင်းသရုပ်မှန်ကို ပြချင်ရင်လည်းရတယ်နော် "

မထိတထိပြောကာရွဲ့စောင်းပြောနေသူကြောင့် ရှောင်းရဲ့မျက်နှာလေးက အနည်းငယ်ထောင်မတ်လာပြီးမ၀ံ့မရဲဖြင့်ဟန်နရီကိုမော့ကြည့်လိုက်သည်။အထက်စီးဆန်ကာ ပုံမှန်ထက်တမင်မှေးစင်းထားတဲ့မျက်၀န်းတွေက အနည်းငယ်ထိတ်လန့်ဖွယ်ကောင်းတာတော့ငြင်းမရ။

" မူရင်းသရုပ်မှန်? အဲ့တာဘာကိုပြောချင်တာလဲဗျ "

" ဖုံးကွယ်ထားတဲ့မင်းရဲ့မျက်နှာဖုံးကိုခွာချလိုက်ဖို့ပြောတာ "

" ဒါပေမဲ့လည်း ကျွန်တော်ကဘာကိုမှမဖုံးကွယ်ထားဘူးလေ တခုခုအထင်လွဲနေတဲ့ပုံပါပဲ "

Stivan And The Psychopath ( Completed) Where stories live. Discover now