15

15.9K 1.4K 490
                                    

" ဒါဆိုငါက မင်းတို့အတွက်ဘာလဲ မင်းတို့မိသားစုကြားမှာငါက အသုံးချခံသပ်သပ်လား အဲ့တာကြောင့် ငါ့ကိုငယ်ငယ်ထဲကစိတ်ဒဏ်ရာတွေပေးခဲ့ကြတာလား !! "

နာကျည်းစွာပြောလိုက်တိုင်းအသက်ရှုသံတွေကမြန်ဆန်လာကာ လင်းရောင်ရဲ့ရင်ဘတ်ထဲ၌မွန်းကျပ်လာရသည်။

" ဘာလဲ ဗစ်တာကရှိန်းခန့်ပိုင်အကြောင်းစုံစမ်းမှာစိုးလို့ ငါ့ကိုသားအရင်းပုံစံနဲ့ဟန်ပြပြီး ဓားစာခံလုပ်ခဲ့ကြတာလား မင်းကိုထိခိုက်မှာစိုးလို့လေ ဘာလို့ဆိုမင်းကသားအရင်းဖြစ်နေခဲ့လို့မဟုတ်လား "

လဲကျနေတဲ့လင်းရောင်ရှေ့သို့ ခွန်ရှောင်းထိုင်ချကာ လင်းရောင်ရဲ့မျက်နှာကိုဆွဲမော့လိုက်၏။

" ရုန်းထွက်ခဲ့လေ....မရုန်းထွက်ပဲမင်းကြိတ်ခံနေခဲ့တာမလား
မင်းလည်းဂရုစိုက်မှုအနည်းငယ်ကို သဘောကျနေခဲ့တယ်မလား "

" ဘာလို့လဲ ငါလည်းအချစ်ခံသင့်တယ်မလား ဘယ်တုန်းကများမိဘမေတ္တာအပြည့်ရခဲ့ဖူးလို့လဲ "

" ငါကောရခဲ့တယ်ထင်နေတာလား မွေးထဲကငါ့ကိုစွန့်ပစ်သွားတဲ့အမေမျက်နှာတောင်မြင်ခဲ့ဖူးတာမဟုတ်ဘူး ငါ့ကိုလည်းမလိုချင်ပေမဲ့အသုံးချချင်ရုံသပ်သပ်နဲ့မွေးခဲ့တာ နားလည်လား!! "

နှယောက်သားအကြည့်တွေကစူးရှကာ ခံစားချက်များပွင့်ထွက်လာသည်။

" မင်းမြဲမြဲမှတ်ထားရမှာက ငါတို့တွေအခုလိုဖြစ်ခဲ့တာ ဗစ်တာကြောင့်ချည်းပဲ အရေးကြီးဆုံးက စတီဗန်ကြောင့်အခုလိုတွေဖြစ်ခဲ့တာ ဗစ်တာကစတီဗန်ကိုမွေးစားခဲ့လို့ ငါတို့ကိုလည်းရှိန်းခန့်ပိုင်က အသုံးချချင်လို့မွေးခဲ့တာပဲ "

" တော်ပါတော့!!! ငါကမင်းတို့နဲ့ဘာမှမသက်ဆိုင်တဲ့လူတယောက်ပဲ မင်းတို့ကိစ္စတွေမှာ ငါ့ကိုထပ်ပြီးဆွဲမထည့်ကြနဲ့တော့!! "

မလှုပ်နိုင်ပေမဲ့ရှိသမျှအားနဲ့ကြိုးစားကာ လင်းရောင် ခွန်ရှောင်းကိုတွန်းတုတ်လိုက်သည်။ ရှောင်းရဲ့ခန္ဓာကိုယ်မှာယိုင်ကျသွားပေမဲ့ သူ့ကိုယ်သူပြန်ထိန်းရင်း လဲကျနေတဲ့လင်းရောင်ရဲ့ကျောပြင်ကိုအားဖြင့်ကန်ထုတ်ပစ်၏။

Stivan And The Psychopath ( Completed) Where stories live. Discover now