အခန်း(၁၆၃) ကုယျန်ရှန်းကြောင့် ဟိုတယ်ခန်းထဲ ပိတ်မိခဲ့တယ်။

4.5K 609 32
                                    

   အခန်း(၁၆၃) ကုယျန်ရှန်းကြောင့် ဟိုတယ်ခန်းထဲ ပိတ်မိခဲ့တယ်။

နဖူးပေါ်က ဒဏ်ရာကိုတွေ့တဲ့အခါ ကုယျန်ရှန်းက သူ့ခေါင်းကိုငုံ့ပြီး ဝမ်နျဲ့နျန်၏ပါးလွှာသောနှုတ်ခမ်းပါးထံသို့ ဦးတည်ကာ တိုးကပ်သွားခဲ့သည်။ သူ့ရဲ့ အသံရှူသံသည်ပင် အနည်းငယ်ပြင်းပြလာပြီး သူအရက်မူးနေချိန် တွေးတောနေမိတဲ့ လူတစ်ယောက်ကို အခုလိုနမ်းမိဖို့ မမျှော်လင့်ထားခဲ့ပေ။ ....

ရုတ်တရက်အနမ်းခံလိုက်ရသည့်အတွက် ဝမ်နျဲ့နျန်၏ခန္ဓာကိုယ်လည်း တောင့်တင်းသွားခဲ့ပြီး ပါးပြင်ကိုထိခတ်ကာလှုပ်ရှားနေသည့် ဝမ်နျဲ့နျန်၏ မျက်တောင်ဖျားများကိုလည်း ကုယျန်ရှန်း ခံစားမိနေသည်။

"ရှူး ___"

ကုယျန်ရှန်းက ဝမ်နျဲ့နျန်ရဲ့တုံ့ပြန်ချက်ကိုသိရဖို့ နှုတ်ခမ်းပါးနှစ်လွှာကို ဂရုတစိုက်နှင့် နူးညံ့စွာ စုပ်ယူနေပြီး အနမ်းကိုပိုနက်ရှိုင်းစေဖို့ လျှာဖျားကို အသာအယာထိုးသွင်းနေခဲ့သည်။

ရုတ်တရက် သူ့နှုတ်ခမ်းဆီမှနာကျင်မှုကို ခံစားလိုက်ရပြီး ထိုနာကျင်မှုကြောင့်ပင် ကုယျန်ရှန်း မျက်မှောင်ကြုပ်လိုက်သည်။ သွေးအရသာကို သူ့အာခံတွင်းအတွင်း ခံစားမိနေပေမယ့် သူက လက်ထဲပွေ့ဖက်ထားသူကိုတော့ လွှတ်မပေးခဲ့။

"အွင်း ....... လွှတ် ....."

ကုယျန်ရှန်းက ဝမ်နျဲ့နျန်မျက်လုံးကိုအုပ်ထားတဲ့ လက်ကိုဖယ်လိုက်တဲ့အခါ ဝမ်နျဲ့နျန်၏အထိတ်တလန့်ဖြစ်နေသည့် မျက်ဝန်းများကို တွေ့လိုက်ရသည်။ ထိုမျက်ဝန်းထောင့်နားဆီမှ မျက်ရည်များလည်း စီးကျနေလျက်ပင်။....

ထိုမျက်ရည်များနှင့်အတူ သူ့ရဲ့နှလုံးသားကိုပါ ဆွဲထုတ်ခြင်းခံလိုက်ရသလိုမျိုး ' ကုယျန်ရှန်း ခံစားလိုက်ရသည်။ ထို့နောက် လက်ကိုဖြည်းညင်းစွာမြှောက်ပြီး ဝမ်နျဲ့နျန်၏မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ပေးခဲ့သည်။

"မငိုပါနဲ့ .... မင်း မငိုပါနဲ့ .... ငါ မင်းကို မထိတော့ဘူး။"

ပွေ့ဖက်ထားသည်ကို ကုယျန်ရှန်းဘက်မှ လွှတ်ပေးလိုက်သည်နှင့် ဝမ်နျဲ့နျန်က ကုယျန်ရှန်းကို ပါးရိုက်လိုက်ပြီး အနောက်သို့ဆုတ်ကာ နံရံတွင်မှီတည်၍ နေနေခဲ့သည်။ သူကိုက်ထားသည့် ကုယျန်ရှန်းနှုတ်ခမ်းပေါ်ရှိ ဒဏ်ရာကိုကြည့်ရင်း တုန်တုန်ယင်ယင်ဖြင့်ပင် ပြောလိုက်သည်။

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Where stories live. Discover now