အခန်း(၁၉၂) ချန်းလုံအန်းကို လူသိရှင်ကြား အပြစ်ပေးခြင်း။
ကုယျန်ရှန်းထံမှ မထင်မှတ်ဘဲ အရိုက်ခံလိုက်ရပြီးနောက်တွင် ချန်းလုံးအန်းက ကြမ်းပြင်ပေါ်သို့ ထူပူ၍ လဲကျသွားခဲ့သည်။ ကသိကအောက်ဖြစ်၍ အရှက်ရမိသည့်ကြားမှ ချန်းလုံအန်းက သူ့အားရိုက်လိုက်သည့် ကုယျန်ရှန်းကို မယုံကြည်နိုင်ဘဲ မော့ကြည့်လိုက်သည်။
ကုယျန်ရှန်းက ကြမ်းပြင်ပေါ်ကျနေတဲ့ လက်စွပ်ကို တက်နင်းပြီး ကိုယ်ကို ဧည့်သည်များဘက်သို့ လှည့်လိုက်သည်။
"လက်ထပ်ပွဲက ပျက်သွားပြီ ..." ထိုသို့ပြောလာသည့် ကုယျန်ရှန်း၏အသံက အေးစက်မာထန်မှု အပြည့်ပင်။
ထို့နောက် ရုတ်ချည်းဆိုသလိုပင် ကုယျန်ရှန်းက ချန်းလုံအန်းရဲ့ ဆံပင်ကို ဆောင့်ဆွဲပြီး စင်ပေါ်မှ ဘုရားကျောင်း၏ တံခါးဝအပြင်ဘက်ရှိ ဗွက်အိုင်ထဲ ရောက်သည်အထိ ဆွဲခေါ်သွားခဲ့သည်။
ဘုရားကျောင်းထဲတွင် ရှိရှိသမျှသော လူအားလုံးက ထိုမြင်ကွင်းကိုကြည့်ပြီး ကျောက်ရုပ်ကြီးများအတိုင်း မှင်သက်နေခဲ့ကာ မည်သူမှလည်း စကားတစ်ခွန်းမှ မဆိုရဲဘဲ ရှိနေကြသည်။ သတင်းထောက်တွေက ပုံရိပ်လေးတစ်ခုပင် အလွှတ်မခံချင်ကြသည့်အတိုင်း အလျင်အမြန်ပင် ဓာတ်ပုံရိုက်နေကြသည်။
ချန်းလုံအန်းက ရှက်ရှက်နှင့် မိုးရေထဲမှ ဘုရားကျောင်းအတွင်းသို့ ပြန်ပြေးဝင်ခဲ့ပေမယ့် မြေကြီးပေါ်သို့ လဲကျသွားခဲ့တာကြောင့် သူ့ရဲ့ အဖြူရောင် မဂ်လာဝတ်စုံမှာ ရွှံ့ဗွက်တို့ ပေကျံသွားခဲ့သည်။ ဘေးတွင်ရပ်ကြည့်နေကြသည့် လူအားလုံးက မျက်စိရှေ့တွင် ဖြစ်ပျက်နေသည့် အကြောင်းအရာအပေါ် အံ့အားသင့်နေပြီး ချန်းလုံအန်းကို ကြည့်နေသည့် သူတို့မျက်ဝန်းမှာလည်း လှောင်ပြောင် သရော်လိုစိတ်တို့ စတင်ဖြစ်ပေါ်လာခဲ့သည်။
"ငါ့ကို မရယ်နဲ့။ ငါ့ကို ရယ်ရဲရအောင် နင်တို့ကဘာလဲ ! ငါက ကုအဖွဲ့အစည်း ရဲ့ ဥက္ကဌ ကုယျန်ရှန်းရဲ့ လက်တွဲဖော် နော် ... ငါက ကုယျန်ရှန်းနဲ့ လက်ထပ်မှာ !" ချန်းလုံအန်းက သူ့ကိုကြည့်ပြီး ရယ်နေကြသည့် သူတွေကို အော်ပြောလိုက်သည်။
ESTÀS LLEGINT
ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"
Literatura romànticaသုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့