အခန်း(၂၀၇) ကုယျန်ရှန်း ... ငါ မင်းကို ခွင့်လွှတ်ခဲ့တာ ကြာပြီ။

3.2K 474 21
                                    

အခန်း(၂၀၇) ကုယျန်ရှန်း ... ငါ မင်းကို ခွင့်လွှတ်ခဲ့တာ ကြာပြီ။

ဖြစ်ချင်တော့ သူ သောက်နေခဲ့တဲ့ဆေးက ကုယျန်ရှန်း အစာအိမ်သွေးယိုတဲ့အထိ အရက်တွေသောက်ပြီး ရယူပေးခဲ့တဲ့ ဆေးဖြစ်နေတာပင်...။

"ငါ မနာပါဘူး... ငါ မနာပါဘူး နျန်နျန် " ကုယျန်ရှန်းက ဝမ်နျဲ့နျန်အနားသို့ တိုးကပ်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာ ဝမ်နည်းပူဆွေးစွာဖြင့် ပြော၏။

ဝမ်နျဲ့နျန်က သူ့လက်ထဲရှိ ဆေးဘူးကို တင်းကြပ်နေအောင် ဆုပ်ကိုင်ထားပြီး နီရဲနေသော မျက်ဝန်းများဖြင့် ကုယျန်ရှန်းကို ပြန်၍ မော့ကြည့်လိုက်သည်။

"ဘယ်လိုလုပ် မနာရမှာလဲ။ ငါဖြစ်ဖူးလို့ ငါသိတယ်။ ဘာလို့ ငါ့ကို အဲ့ဒီတုန်းက မပြောတာလဲ။ ဘာလို့ ငါ့ကို ဖုံးကွယ်ထားခဲ့တာလဲ ..."

"မင်း အဲ့ဒီတုန်းက Phil နဲ့ ဖျော်ဖြေပွဲကျင်းပဖို့ ပြင်ဆင်နေတာလေ ... မင်းသဘောကျရတဲ့ အလုပ်အတွက် လျှောက်လှမ်းနေချိန်မှာ ဘယ်လိုအနှောက်အယှက်မျိုးကိုမှ ငါ မလုပ်နိုင်ဘူး။" ကုယျန်ရှန်းက အက်ကွဲဆို့နင့်နေသော အသံဖြင့် မေးလာသည့် ဝမ်နျဲ့နျန်ကို ပွေ့ဖက်ပြီး သက်ပြင်းချကာ ပြန်ဖြေခဲ့၏။

"မင်း ငါ့ကို ဘယ်တော့မှ ဖုံးကွယ်ထားခွင့် မရှိတော့ဘူး။ ငါ့ကိုလည်း နာကျင်အောင် လုပ်ခွင့်မရှိသလို မင်းကိုယ်မင်းလည်း နာကျင်အောင် မလုပ်ရဘူး။"

"နျန်နျန် ... မင်း ..." ကုယျန်ရှန်း တအံ့တဩနှင့် ပြန်မေးလာသည်။

"မင်း အခု ငါ့ကို မင်းပိုင်တယ် ဆိုပြီး ပြောလိုက်တာလား။"

ထိုအခါမှ ကိုယ်တိုင်ပြောလိုက်သော စကားကို သတိထားမိသွားသော ဝမ်နျဲ့နျန်က ခေါင်းကို ငုံ့ကာဖြင့် စကားထပ်မဆိုတော့။ ထိုအစား ကုယျန်ရှန်း၏ လက်ကို ဆုပ်ကိုင်ပြီး ဆိုင်ထဲမှ ထွက်သွားခဲ့သည်။

တင်းကြပ်စွာမြဲမြံနေသော လက်တစ်စုံကိုကြည့်ပြီး ကုယျန်ရှန်း၏အပြုံးများသည် မှေးမှိန်သွားခြင်း မရှိတော့။

ဝမ်နျဲ့နျန်က သူကိုယ်တိုင် ကုယျန်ရှန်းကို သူ့အနားနေစေဖို့ ခွင့်ပြုနေပြီးသားဖြစ်နေသည်ကို သတိမထားမိခြင်းလည်း ဖြစ်နိုင်သည်။

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Où les histoires vivent. Découvrez maintenant