အခန်း(၁၈၆) ချဉ်ဖက် ကုယျန်ရှန်းက ချန်းလုံအန်းနဲ့ ပြန်တွဲနေတာလား။

2K 291 20
                                    

အခန်း(၁၈၆) ချဉ်ဖက် ကုယျန်ရှန်းက ချန်းလုံအန်းနဲ့ ပြန်တွဲနေတာလား။

နီရဲနေသော မျက်ဝန်းများဖြင့် ကုယျန်ရှန်းက ဖုန်းကို တစ်စစီကြေမွသွားအောင် ရိုက်ခွဲပစ်လိုက်သည်။

"ငါ့ကို ခြိမ်းခြောက်နေရအောင် မင်းကိုယ်မင်း ဘာထင်နေတာလဲ။ " အံကိုတင်းတင်းကြိတ်ထားရင်း ကုယျန်ရှန်း အော်ဟစ်မေးလိုက်သည်။

"မင်း ဖုန်းကို ပစ်ခွဲလိုက်လည်း ဗီဒီယိုက ပျက်သွားမယ် လို့တော့ မထင်နဲ့နော်။ ငါ့မှာ ကော်ပီယူထားတာတွေ အများကြီးပဲ ရှိတယ်။ ငါ့ ဦးလေးနဲ့ ချင်မိသားစုကိုလည်း အဲ့ဒီဗီဒီယို ပေးထားသေးတယ်။ အကယ်၍ ငါ တစ်ခုခုဖြစ်ခဲ့ရင် ဗီဒီယိုက လူတိုင်းသိအောင် ပေါ်လာအုံးမှာပဲ။" ချန်းလုံအန်းက ကြမ်းပြင်ပေါ်တွင် တစ်စစီကွဲကြေနေသော ဖုန်းကို စောင်းငဲ့ကြည့်ပြီး ပြန်ဖြေလိုက်သည်။

"ချန်းလုံအန်း .. အဲ့ဒီပြန်ပေးဆွဲတဲ့ကိစ္စက ချင်မိသားစု စခဲ့တာ။ ပြီးတော့ လူသတ်မှုမှာ မင်းလည်း ပါဝင်ခဲ့တယ် ... ဒီဗီဒီယို ပျံ့သွားလို့ ကောင်းတာ တစ်ခုမှ မရှိဘူး။ မင်းလည်း အဆုံးသတ်လှမှာ မဟုတ်ဘူး။"

နှလုံးသားအတွင်း တင်းကြပ်နေမှုကို ကုယျန်ရှန်း ခံစားနေရသည်။ ယခုက ပြိုင်ပွဲ၏ အရေးအကြီးဆုံး အချိန်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ရှိသော သတင်းမီဒီယာအားလုံးကလည်း ပြိုင်ပွဲကိုသာ အာရုံစိုက် အလေးပေးနေကြချိန်ဖြစ်သည်။

အကယ်၍ ဗီဒီယိုသာ ပျံ့သွားရင် ထိုအရာက WE ကို ယူကျုံးမရဖြစ်အောင် မွှေနှောက်ဖျက်စီးပစ်မှာ ဖြစ်ပြီး အကျိုးဆက်များပင် ရှိလာနိုင်သေးသည်။

"ငါကရော အခု ကောင်းကောင်းမွန်မွန် နေနေရတယ်လို့ မင်း ထင်လို့လား။ ငါ အခု ခံစားနေရသမျှအခြေအနေ အားလုံးအတွက် ဝမ်နျဲ့နျန်မှာ တာဝန်ရှိတယ်။ သူက ငါ့ဘဝကို ဖျက်စီးပစ်ခဲ့တာ ... ချင်မိသားစု ငါ့ကို စွန့်ပစ်လိုက်အောင် မင်းလုပ်ခဲ့တယ်။ ငါ့ ဦးလေးကလည်း ငါက အသုံးမဝင်တဲ့ လူတစ်ယောက်လို့ ထင်သွားပြီ။ အခု ငါ့ခြေထောက်က ဒဏ်ရာရထားတယ် .. ငါက စွန့်ပစ်ခံရတဲ့ လူတစ်ယောက် ဖြစ်သွားပြီ။ ငါ့မှာ ဆုံးရှုံးစရာ ဘာမှ မရှိတော့ဘူး။ ငါ ဘာကိုမှ မကြောက်တော့ဘူး။ "

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Unde poveștirile trăiesc. Descoperă acum