အခန်း(၁၇၂) WE ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပေါ်လာတဲ့ ကုယျန်ရှန်း

3.1K 444 37
                                    

အခန်း(၁၇၂) WE ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပေါ်လာတဲ့ ကုယျန်ရှန်း။

ဝမ်နျဲ့နျန်က ဖုန်းစခရင်လ်ပေါ် တန်းစီတက်လာနေသော တိုက်ရိုက်ထုတ်လွှင့်မှုမှ ကွန်းမန့်များကိုကြည့်ပြီး လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်သည်။

ဝမ်နျဲ့နျန်အပြင်ထွက်ပြီး ဆေးသေတ္တာသွားယူနေတုန်း ကုယျန်ရှန်းက တိုက်ရိုက်ထုတ်လွှင့်မှုကို သူမသိအောင် ဖွင့်ခဲ့တာဖြစ်သည်။ အဲ့ဒီအပြင် အခုလေးတင် သူ ကုယျန်ရှန်းကို ပတ်တီးစည်းပြီး ဆေးထည့်ပေးလိုက်တာကရော တိုက်ရိုက်ထုတ်လွှင့်မှုထဲ ပေါ်သွားပြီလား။

ဤအတွက် တိုက်ရိုက်ထုတ်လွှင့်မှုထဲ ရောက်နေကြသည့် ဖန်'အပေါင်းက တိုက်ရိုက်ထုတ်လွှင့်မှုထဲ စစဝင်ချင်းမှာတင် ကင်မရာရှေ့ ပိတ်ကာနေသော လက်ကို ဦးစွာ မြင်လိုက်ရသည်။ လှုပ်ခါနေသော ကင်မရာမြင်ကွင်းက နေရာရွှေ့ပြောင်းနေပုံပေါ်ပြီး ဆိုဖာမြင်ကွင်းကို သေချာမမြင်ရစေဖို့ ဘယ်ဘက်ခြမ်း၌ ကင်မရာကို ရည်ရွယ်ချက်ရှိရှိ ထားခဲ့ပေသည်။

ဖန်'တွေမြင်ရသည်က စန္ဒရားတစ်ခုတည်းကိုသာ ဖြစ်သည်။ ခနအကြာ၌ ကင်မရာထဲတွင် WE ပေါ်လာပြီး သူက ကင်မရာကိုလည်း လုံးဝမကြည့်ခဲ့သလို တိုက်ရိုက်ထုတ်လွှင့်မှု စနေသည်ကိုပင် သိပုံမပေါ်ပေ။

ထို့နောက်တွင် ကင်မရာထဲ၌ ဒဏ်ရာရထားသော လက်တစ်ဖက် ရုတ်တရက်ပေါ်လာပြီး အချိန်အတော်ကြာသွားပြီးကာမှ WE က အံ့ဩမှင်သက်သွားသော အမူအရာဖြင့် ကင်မရာကို ကြည့်လာခဲ့သည်။

[ငါ ဘာကို မြင်လိုက်ရတာလဲ။ အဲ့တာ ယောက်ျားလေး လက် မဟုတ်ဘူးလား။]

[ဘယ်သူ ဒဏ်ရာ ရသွားတာလဲ။ WE ဆေးထည့်ပေးနေတာ ဘယ်သူ့ကိုလဲ။ ]

[လက်က ကြွက်သားဆိုင်ကြီးက တကယ်ကို ကြည့်ကောင်းတယ် ဟေ့။ မျက်နှာကိုပါ ငါ မြင်ချင်တယ်]

[ထူးဆန်းလိုက်တာ .... WE ရဲ့အမူအရာကိုလည်း ကြည့်အုံး ၊ live စနေတာကို သူ သိပုံမပေါ်ဘူး။ ]

[ညီအစ်မတို့ရေ ငါတော့ နက်နက်နဲနဲကြီးကို ခန့်မှန်းမိတာ ရှိနေပြီ။! ]

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Where stories live. Discover now