အခန်း(၁၈၉)WE လည်း စိတ်တိုတတ်တယ်

2.1K 348 22
                                    

အခန်း(၁၈၉) WE လည်း စိတ်တိုတတ်တယ်

သူစိမ်းတစ်ယောက်ပမာ ဆက်ဆံ၍ စိမ်းဖက်ဖက်ကြည့်နေသော ဝမ်နျဲ့နျန်၏ မျက်ဝန်းတွေကြောင့် ကုယျန်ရှန်း မှင်တေသွားခဲ့သည်။ နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ လမ်းရှင်းပေးပြီးနောက် ခြောက်ကပ်ကပ်အပြုံးတစ်ခုနှင့် ရေရွတ်ခဲ့သည်။

"မစ္စတာကု ? သူ ငါ့ကို မစ္စတာကု လို့ ခေါ်လိုက်တာလား။... အခု သူနဲ့ ငါ့ကြားမှာ စည်းတစ်ခုခြားဖို့ ကြိုးစားနေတာလား ...သူက။ "

မိတ်ကပ်လိမ်းပြီးနောက် ဝမ်နျဲ့နျန်က အစီအစဉ်ရိုက်ကူးဖို့အတွက် ပြန်ရောက်လာခဲ့သည်။ ပြင်ဆင်စရာအချက်တွေ ကို ပြောပြီး ဒါရိုက်တာမှ ထုတ်လွှင့်မှု စတင်သည်အထိ ကုယျန်ရှန်းကို လုံးဝမကြည့်ဘဲ နေနေခဲ့သည်။

အစီအစဉ်မှူးက ထုတ်လွှင့်မှုအစပိုင်းကို တာဝန်ယူပြောကြားပြီး ဒီနေ့ဖိတ်ထားသည့် ဧည့်သည်နှစ်ယောက်ကို မိတ်ဆက်ပေးသည်။

"ဒီနေ့ ထုတ်လွှင့်မှုမှာ ပါဝင်တင်ဆက်ပေးမယ့်သူက သိပ်မကြာခင်က ကျင်းပခဲ့တဲ့ ကမ္ဘာ့အဆင့် စန္ဒရားပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ WE ပဲ ဖြစ်ပါတယ်။ ဒီဆုက ရဖို့ ခက်ခဲပြီး M နိုင်ငံအတွက်လည်း နှစ်တွေအများကြီး ကြာပြီးမှ ပထမဦးဆုံး ပြန်ရရှိတဲ့ စန္ဒရားပညာရှင် ဆု ဖြစ်လို့ WE က သမိုင်းတစ်ခုကို ရေးသားပေးခဲ့တာပါပဲ။"

"ပြီးတော့ နောက်ထပ် ဖိတ်ကြားထားသူက အမျိုးသား အနုပညာကျောင်းမှ စန္ဒရားမင်းသားလေး ချန်းလုံအန်းပဲ ဖြစ်ပါတယ်။ သူက မနှစ်ကကျင်းပတဲ့ M နိုင်ငံရဲ့ စန္ဒရားပြိုင်ပွဲမှာ ဆုရရှိခဲ့သူဖြစ်ပါတယ်။"

ထိုအခိုက်အတန့်က ဖိတ်ကြားထားတဲ့ အနုပညာရှင်တို့ အပြိုင်ကြဲရမယ့် အပိုင်းဖြစ်ပြီး ကြည့်ရှုနှုန်းကလည်း သေချာပေါက် မြင့်တက်သွားမည် ဖြစ်ရာ ဒါရိုက်တာက ပါးစပ်နားရွက်တက်ချိတ်မတတ် ရယ်နေတော့သည်။

ထိုအတွက် အကြောင်းပြချက်က သိပ်ကို ရိုးရှင်းပါတယ်။ တစ်ယောက်က စန္ဒရားပညာရှင်အဖြစ် အောင်မြင်ကျော်ကြားခဲ့ပြီး အခုတွင်တော့ ဂီတလမ်းကြောင်းပေါ်တွင် အလွန့်အလွန်မှ တောက်ပနေသူတစ်ယောက် ဖြစ်နေပြီဖြစ်သည့် မစ္စတာကု၏ အရင်လက်တွဲဖော်ဖြစ်ပြီး နောက်တစ်ယောက်က နှစ်တွေအကြာကြီးလမ်းခွဲထားခဲ့သည့် မစ္စတာကု၏ အချစ်ဦးဖြစ်နေတာပင်။

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Nơi câu chuyện tồn tại. Hãy khám phá bây giờ