အခန်း(၁၆၅) WE ကိုတွန်းလှဲပြီး အဝတ်တွေဆုတ်ဖြဲပစ်ခဲ့တယ်။

3.8K 491 29
                                    

အခန်း(၁၆၅) WE ကိုတွန်းလှဲပြီး အဝတ်တွေဆုတ်ဖြဲပစ်ခဲ့တယ်။

အခုလိုမျိုး သူနဲ့ ကုယျန်ရှန်း ဟိုတယ်မှအဝတ်အစားလဲပြီးထွက်ခဲ့ရုံက အင်တာနက်ပေါ်တွင် ပြင်းထန်စွာတိုက်ခိုက်ခံရဖို့ မီးစာတစ်ခုဖြစ်လာလိမ့်မယ်'လို့ ဝမ်နျဲ့နျန် လုံးဝမထင်ခဲ့ပေ။

သူနဲ့ ကုယျန်ရှန်းရဲ့ပတ်သတ်မှုက ရက်အတော်ကြာအောင် ငြိမ်သက်နေခဲ့ပြီး အခု ဟိုတယ်တွင်တစ်ညအတူနေခဲ့သည့် ဓာတ်ပုံကြောင့် ပြန်ပြီး ဆူပူမှုဖြစ်လာပြန်သည်။

__ ဝမ်နျဲ့နျန်က ကုယျန်ရှန်းကိုတွဲပြီး အခန်းထဲဝင်သွားတယ်။ နောက်နေ့မှာ အဝတ်အစားလဲပြီး ဟိုတယ်ကထွက်လာတဲ့ပုံ တက်လာတယ်။ သူတို့နှစ်ယောက်က ဖရဲသီးစားနေတဲ့သူတွေရဲ့သိချင်စိတ်ကို ပေါက်ကွဲသွားအောင် အတူလုပ်လိုက်တာပဲ။

[ ငါ ယွမ် တစ်ရာလောင်းတယ် ! ဥက္ကဌကုက အိပ်ရာပေါ်က သူ့ရဲ့ကိုယ်ပိုင်ကျွမ်းကျင်မှုကိုသုံးပြီး WE ကို အပိုင်သိမ်းလိုက်တာပဲ။ !]

[ အပေါ်ကတစ်ယောက်က ညစ်ပတ်တာပဲ။ ဒါပေမယ့်လည်း ငါထောက်ခံတယ်။ သာမန်ယောက်ျားနှစ်ယောက်က ဟိုတယ်ထဲဝင်ပြီး အခန်းတစ်ခုတည်းအတူနေကြတယ်။ သူတို့ထွက်လာတော့ အဝတ်အစားတွေ လဲထားတယ်။ အဝတ်အစားတွေညစ်ပတ်အောင် ဘာလုပ်ကြမှာလဲ။ သူတို့ လုပ်ခဲ့တာပဲ ညီအစ်မတို့ ။ အန်တီတော့ ရယ်နေပြီ ]

[နို့ရည်တွေ အကျီပေါ်ဖိတ်စင်ကုန်လို့ နေမှာပေါ့။ ငါ့အဒေါ်ကတော့ ထိန်းမရအောင် ရယ်နေပြီ ]

[ဝိုး .....၊ ငါတော့ မစ္စတာကုက ချစ်စရာကောင်းတဲ့ WE ကို အိပ်ရာပေါ်တွန်းလှဲပြီး အဝတ်တွေ ဆွဲဖြဲပစ်ပုံကို စိတ်ကူးကြည့်မိပြီ။ ပြီးတော့ သူတို့ .... ... ]

[သူတို့က အခုထိမကွာရှင်းရသေးဘူးလား။ ဘာလို့ တစ်ကြိမ်ပြီးတစ်ကြိမ် ထုတ်ဖော်ခံနေရတာလဲ။ သူက (စတား)တစ်ယောက်လဲ မဟုတ်ဘဲ ဘာလို့ ပါပါရာဇီတွေက စတား (နာမည်ကြီးအနုပညာရှင်)တစ်ယောက်အစား သူတို့လိုလူတွေကို ဓာတ်ပုံရိုက်ပြီး နေ့တိုင်း ရှာဖွေမှုအများဆုံးဖြစ်အောင် လုပ်နေလဲ ငါ နားကို မလည်ဘူး။ ]

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Where stories live. Discover now