အခန်း(၁၉၅) မင်း သူ့ကို အသက်ရှင်စေချင်တယ်ဆိုရင် ..ဒီကနေထွက်သွားလိုက်။

2.3K 384 14
                                    

အခန်း(၁၉၅) မင်း သူ့ကို အသက်ရှင်စေချင်တယ်ဆိုရင် ..ဒီကနေထွက်သွားလိုက်။

အရေးပေါ်ကုသဆောင်၏ အပြင်ဘက်၌ ကြမ်းပြင်ကို စိုက်ကြည့်လျက်ပင် ဇာတ်ကျိုးကျ၍ ကုယျန်ရှန်း ရပ်နေသည်။ သူ့ပုံစံက စိတ်ဝိဉာဉ်ကင်းမဲ့နေတဲ့ ရုပ်သေးရုပ်နှင့် တူနေသည်။

'ဒါက ဒုတိယအကြိမ်ပင်... ဝမ်နျဲ့နျန် ထပ်ပြီး အရေးပေါ်ကုသဆောင်ထဲသို့ ဝင်ခဲ့ရသည်။ '

အဖေဝမ်လည်း ဆရာဝန်ထံမှ အကြောင်းကြားချက်ရပြီး ဆေးရုံသို့ အပြေးးအလွှားရောက်လာခဲ့သည်။ သို့ပေမယ့် ခွဲစိတ်ခန်း၏အပြင်ဘက်၌ ရပ်နေသော ကုယျန်ရှန်းကို တွေ့ပြီး ဒေါသက အလိုအလျောက် ထွက်လာခဲ့သည်။

"မင်း ဘယ်လိုများ ထပ်ပြီး လာရဲသေးတာလဲ။ မင်းက ရှောင်နျန်ကို ကောင်းကောင်းမွန်မွန် မရှင်သန်စေချင်ဘူး ဆိုတာ ငါသိပြီးသားပဲ။ မင်းက သူ့ကို အလွတ်မပေးဘဲ သတ်ပစ်မယ့် ကောင် "

ပြောရင်းနှင့် အဖေဝမ်က ကုယျန်ရှန်း၏ အက်ျီစကို ဆွဲယူလိုက်သည်။ " ဘယ်နှကြိမ် ရှိလဲ ... မင်း သူ့အနားမှာ ရှိနေတဲ့အချိန် သူထိခိုက်မှု မဖြစ်တာ ဘယ်နှကြိမ် ရှိလဲ။ မင်းက ရှောင်နျန်ရဲ့ ပြဿနာကောင် ၊ မင်း ဘာလို့ မပျောက်ကွယ်သွားသေးတာလဲ။ ရှောင်နျန်က မင်းကို ထပ်ပြီး မတွေ့ချင်တော့ဘူး။

"ပြဿနာကောင် ??"

"နျန်နျန်က ... အဲ့လိုပဲ တွေးတာလား။ သူလည်း ကျွန်တော့်ကို ပြဿနာကောင်လို့ တွေးတာလား။ " တွေတွေဝေဝေနှင့် ကုယျန်ရှန်း မေးလိုက်သည်။

"ဟုတ်တယ် .. ရှောင်နျန်လည်း အဲ့လိုပဲ တွေးတယ်။ မင်းက နာကျင်စရာပဲ ယူလာတတ်တဲ့ ပြဿနာကောင် ဆိုပြီးလေ။ ! မင်းကို ကယ်ပြီး အသက်ပြန်ရှင်စေခဲ့ကတည်းက ငါသိခဲ့တာတော့ မင်းက ပြဿနာကောင် ဆိုတာပဲ။ ဒီနှစ်တွေမှာ ရသမျှ ပျက်စီးနာကျင်မှုအားလုံး မင်းပဲ ယူလာတာ မဟုတ်ဘူးလား။ မင်းသာ ပျောက်ကွယ်သွားရင် သူ ပျော်ရွှင်နိုင်ပြီ။ "

အဖေဝမ်က အရေးပေါ်ခန်းတံခါးသို့ သောကများစွာဖြင့် ကြည့်လိုက်သည်။ သူ့ရဲ့ ရှောင်နျန်က လိမ္မာသိတတ်ပြီး လူကောင်းလေးတစ်ယောက်ဖြစ်ပေမယ့် အဲ့ဒီ မကောင်းဆိုးဝါးကုယျန်ရှန်းနဲ့ တွေ့ပြီး နာကျင်စရာအတိနဲ့ အမှောင်ကျခဲ့ရသည်။

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Where stories live. Discover now