အခန်း(၁၉၀) ကောင်းပြီ .. မင်းကို လက်ထပ်ဖို့ ငါ သဘောတူတယ်

2.4K 355 34
                                    

အခန်း(၁၉၀) ကောင်းပြီ ... မင်းကို လက်ထပ်ဖို့ ငါသဘောတူတယ်

"နျန်နျန် ... အဲ့လိုမလုပ်ပါနဲ့ ၊ မင်း လက်ထဲမှာ ဘာကိုင်ထားတာလဲ.. ချလိုက်နော်"

ဝမ်နျဲ့နျန်က ဖန်ကွဲစကို သူ့လက်ထဲ ကိုင်ထားပြီး လက်ကိုဖြည်းဖြည်းချင်းမြှောက်ကာ ဖြူဖွေးသော လည်တိုင်၌ ထိကပ်ထားခဲ့သည်။ ဖန်ကွဲစကို ဆုပ်ကိုင်ထားသည့် လက်မှ သွေးများလည်း စီးကျနေသည်။

ထိုမြင်ကွင်းကို ကြည့်နေရသည့် ကုယျန်ရှန်း၏ မျက်နှာက အဖြူရောင်ဘက်သို့ ပြောင်းလဲနေသည်။ မွန်းကြပ်နေသော အသက်ရှူသံများနှင့် နေရာတွင်ပင် ငြိမ်သက်နေခဲ့ပြီး စိုးထိတ်မှုများက မျက်ဝန်းထဲ အပြည့် ဖြစ်နေခဲ့သည်။

ဝမ်နျဲ့နျန် သတိပြန်ရလာသည့် အချိန်၌ သူမသိသည့် နေရာတစ်ခုတွင် ရောက်နေခဲ့ပြီး အိပ်ရာမှထကာ တံခါးဖွင့်ကြည့်ပြန်တော့ လော့ချထားတာကို သိခဲ့ရသည်။ ထို့အပြင် ပြတင်းများကို ဖွင့်မရနိုင်အောင် ဝါယာကြိုးများဖြင့် တင်းတင်းကြပ်ကြပ် ချည်ထားသည်ကိုလည်း တွေ့ခဲ့ရသည်။

သို့သော် အိပ်ရာဘေးတွင် တင်ထားသည့် အပြင်ဝတ်အမဲရောင်ကို ကြည့်ပြီး ဒီကို ကုယျန်ရှန်း ခေါ်လာမှန်း သူသဘောပေါက်သွားခဲ့သည်။

"နျန်နျန် အဲ့လိုမလုပ်ဘဲ ဖန်စကို ချလိုက်ပါနော် ... စိတ်အေးအေးထားပါ ..."

"ဘာတွေ ဟန်ဆောင်နေပြန်ပြီလဲ ကုယျန်ရှန်း" ဝမ်နျဲ့နျန်က ကုယျန်ရှန်း မျက်ဝန်းထဲရှိ နူးညံ့မှုထွေလီကို ကြည့်ပြီး ဟားတိုက်ရယ်ကာ မေးလိုက်သည်။

ကုယျန်ရှန်း၏ မျက်လုံးထဲတွင်တော့ ဝမ်နျဲ့နျန်ကိုင်ထားသည့် ဖန်ကွဲစကိုသာ မြင်နေပြီး ဝမ်နျဲ့နျန်က သူ့ကိုယ်သူ နာကျင်အောင် တစ်ခုခုလုပ်နိုင်မည်ကို စိုးရွံ့နေခဲ့သည်။

"ငါ့ကို ကစားရတာ ပျော်စရာကောင်းလား။ ဒီရိုက်ကူးရေးမှာလည်း ငါ့ကို အဲ့လိုမေးခွန်းတွေမေးဖို့ ချန်းလုံအန်းကို ပြောပြီး တူတူရိုက်စေခဲ့တာမလား။ ငါ့ကို လူတွေကြားထဲမှာ အရှက်ရစေချင်တာ မလား။ "

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Tempat cerita menjadi hidup. Temukan sekarang