အခန်း(၁၇၇)မင်းအတွက် ဆန်ပြုတ် ... ငါကိုယ်တိုင် ခွံ့ကျွေးပါ့မယ်။

3.2K 481 33
                                    

 အခန်း(၁၇၇) မင်းအတွက် ဆန်ပြုတ်ကို ငါ ကိုယ်တိုင် ခွံ့ကျွေးပါ့မယ်။

ထျန်ရှုံးက လူနာခန်း၏အပြင်ဘက်၌ ရပ်နေပြီး ထိုကဲ့သို့မြင်ကွင်းမျိုးကို မြင်လိုက်ရပြီးနောက် သူ တစ်ဖက်သို့ လှည့်လိုက်သည်။

ဝမ်ချီဆီမှ သတင်းကြားပြီး ဝမ်နျဲ့နျန်၏လူနာခန်းနံပါတ်ကိုရှာပြီးနောက် အသက်ပင်မရှူနိုင်ဘဲ အပြေးလာခဲ့သည်။ ထျန်ရှုံး၏မျက်ဝန်းများ၌ ပူပင်သောကများ ပြည့်လျှံနေပြီး လူနာခန်းရှေ့ရောက်၍ တံခါးဖွင့်ဟန်ပြင်ကာမှ အခန်းထဲရှိ ဝမ်နျဲ့နျန်နှင့် ကုယျန်ရှန်းကို မြင်ခဲ့သည်။

တံခါးလက်ကိုင်ဘုကို ကိုင်ထားဆဲဖြစ်တဲ့ ထျန်ရှုံးရဲ့လက်တွေက တင်းကြပ်သွားပြီး မျက်ဝန်း၌လည်း ဝမ်းနည်းမှုများ ဝေ့သီသွားခဲ့သည်။

ကုယျန်ရှန်းက သူ့ပွေ့ဖက်ထားသော သူ၏အားလျော့လာမှုကို ခံစားမိပြီး ငိုရင်းနှင့်ပင် ဝမ်နျဲ့နျန် အိပ်ပျော်သွားသည်ကို သူ သတိထားမိခဲ့သည်။

"အိပ်လိုက်နော် .... မင်း အိပ်ပျော်သွားရင် နာကျင်မှုလည်း ရှိမှာ မဟုတ်တော့ဘူး။" မျက်နှာပေါ်က မျက်ရည်များကို လက်ဖြင့် ဖွဖွထိတွေ့ကာ ဖယ်ရှားပေးပြီး ခေါင်းအုံးပေါ်သို့ လှဲသိပ်လိုက်သည်။

ထျန်ရှုံးက ဝမ်နျဲ့နျန်ကို ကုယျန်ရှန်း ခေါင်းအုံးပေါ်လှဲမသိပ်ခင် အချိန်ထိ အခန်းအပြင်ဘက်၌ အကြာကြီး ရပ်စောင့်နေခဲ့ပြီး ထို့နောက်မှ အခန်းထဲသို့ ဝင်လာခဲ့သည်။

တံခါးဖွင့်သံကြောင့် ကုယျန်ရှန်း အနောက်သို့ လှည့်ကြည့်လိုက်သည်။ ထျန်ရှုံးကို မြင်တော့ ကုယျန်ရှန်းလည်း ရုတ်တရက် ထိတ်လန့်သွားပြီး မျက်ဝန်းအကြည့်များပင် မသိသာစွာ လှုပ်ခါသွားခဲ့သည်။

"အပြင်ထွက်ပြီး ပြောရအောင်။ "

"သူ ဒီဆေးရုံမှာ ရှိတာကို မင်းဘယ်လို သိလဲ။ မင်းလည်း တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်နေခဲ့တာလား။ "

အခန်းအပြင်ဘက် လျှောက်လမ်း၌ ကုယျန်ရှန်းက နံရံကို ခြေကုန်လက်ပန်းကျစွာမှီထားပြီး ထျန်ရှုံးဘက်သို့ လှည့်ကာ မေးလိုက်သည်။

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Where stories live. Discover now