အခန်း(၁၇၈) ငါ့ကို အနိုင်ကျင့်တဲ့ ဘယ်သူ့ကို မဆို ပျက်စီးသွားအောင် လုပ်မယ်။

2.6K 410 29
                                    

အခန်း(၁၇၈) ငါ့ကိုအနိုင်ကျင့်တဲ့ ဘယ်သူ့ကိုမဆို ပျက်စီးသွားအောင် လုပ်မယ်။

ကုယျန်ရှန်းက လှေကားခွင်နေရာတွင် ဆေးလိပ်သောက်နေပြီး ဆေးလိပ်ငွေ့တွေကို ဖြည်းညှင်းစွာ မှုတ်ထုတ်နေသည်။ သူ့မျက်ဝန်းများ၌ ဝမ်းနည်းမှုတို့ ပြည့်နေပြီး လက်ထဲကိုင်ထားသည့် လည်ဆွဲကိုကြည့်ကာ တိုးတိုးလေး ရေရွတ်ခဲ့သည်။

"ငါတို့နှစ်ယောက် ...... ဘယ်လိုများ ငါတို့ပြန်ပြီး စတင်နိုင်မလဲ ....."

ဆေးလိပ်သောက်ပြီးနောက် ဆေးလိပ်နံ့များ ကိုယ်၌ စွဲကျန်နေခြင်း မရှိတော့မှ ထိုနေရာမှထွက်လာပြီး လူနာဆောင်အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ သို့ပေမယ့် သူအခန်းတံခါးတွန်းဖွင့်ပြီးချိန်၌ လူသူကင်းမဲ့နေသော အခန်းနှင့် ကုတင်ကိုသာ တွေ့လိုက်ရသည်။

'ဝမ်နျဲ့နျန် ... မရှိတော့ဘူး ....'

"နျဲ့နျန် ....."

ဝမ်နျဲ့နျန်ကို ရှာဖို့ သန့်စင်ခန်းထဲသို့ အပြေးအလွှာဝင်ရှာခဲ့ပေမယ့် ဘယ်သူ့ကိုမှ မတွေ့ရပေ။ ထို့ကြောင့် အပြင်ဘက် ကော်ရစ်တာတစ်လျှောက်၌ လိုက်ရှာကြည့်ပေမယ့်လည်း ဝမ်နျဲ့နျန်ကို ရှာမတွေ့ပေ။ နောက်ဆုံး၌ သူနာပြုဆရာမကို မေးသည့်အခါမှသာ ဝမ်နျဲ့နျန် တစ်ယောက်တည်း ဆေးရုံက ဆင်းသွားပြီ ဖြစ်တဲ့အကြောင်းကို ကုယျန်ရှန်း သိခဲ့ရသည်။

စားပွဲပေါ်တွင် ခြေရာလက်ရာမယွင်းဘဲ ရှိနေသေးသည့် ဆန်ပြုတ်ပန်းကန်ကို ကြည့်ပြီး စိတ်ပျက်အားလျော့ကာ ကုတင်ဘေးဘက်သို့ အရုပ်ကြိုးပျက်သလိုပင် ကုယျန်ရှန်း လဲကျသွားသည်။

"မင်း ဘာလို့ ရုတ်တရက်ကြီး ထွက်ပြေးသွားရတာလဲ။ မင်း နေကောင်းတာနဲ့ ငါ ထွက်သွားပေးပါ့မယ်' ဆိုပြီး ကတိပေးထားတယ်လေ ... ဘာလို့ ငါနဲ့ ခနလေးတောင် တူတူမနေချင်ရတာလဲ ..."

အကိုက်အခဲ ပျောက်ဆေးကို သောက်ပြီးနောက် ဆိုဖာဆီသို့လျှောက်လာပြီး ထိုင်လိုက်သည်။ ဆိုဖာပေါ်တွင် ကိုယ်ကိုကွေးကာ ထိုင်နေရင်း ဝမ်နျဲ့နျန်၏အတွေးတို့ လွင့်မျော မှင်သက်နေသည်။ ကုယျန်ရှန်း အခန်းအပြင်ဘက်ထွက်သွားသည်နှင့် ဝမ်နျဲ့နျန်က လက်တွင်ဆေးသွင်းထားသည့် အပ်ကို ဆွဲဖြုတ်ပြီး ဆေးရုံအခန်းထဲမှ ထွက်လာခဲ့ခြင်းဖြစ်သည်။ သူအခန်းအပြင်သို့ မထွက်မီ သူ့အား ခြုံထားပေးခဲ့သည့် ကုယျန်ရှန်း၏ ကုတ်အကျ်ီကို ခေတ္တမျှ လှည့်ကြည့်ခဲ့သေးသည်။

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Where stories live. Discover now