အခန်း(၂၀၉)ရှက်နေတဲ့အချိန်ဆို မင်းက ချစ်ဖို့ကောင်းတယ်

2.6K 416 28
                                    

 အခန်း(၂၀၉) ရှက်နေတဲ့အချိန်ဆို မင်းက အရမ်းချစ်ဖို့ကောင်းတယ်။


ကုယျန်ရှန်းက နားရွက်များပင် နီရဲနေပြီဖြစ်တဲ့ ဝမ်နျဲ့နျန်ကိုကြည့်ပြီး မျက်ဝန်းတစ်ခုလုံး အပြုံးရိပ်တို့ ပြည့်နေခဲ့သည်။ သူက ခေါင်းကို အသာအယာပွတ်သပ်၍ဆိုသည်။

"မင်းရဲ့နားရွက်တွေက အတော်လေး အထိမခံနိုင်ကြဘူး ထင်တယ်နော်... ကိုယ်က ထိရုံလေးထိကြည့်တာကို နီရဲနေပြီ။"

ထိုစကားလုံးတို့ကို ပြောလာသည့် အရင်ကနှင့်မတူသော ကုယျန်ရှန်းကို တအံ့တဩနှင့် ဝမ်နျဲ့နျန်မော့ကြည့်လိုက်၏။

ဤကဲ့သို့သော ကျီစယ်နေခြင်းမျိုး ကုယျန်ရှန်း ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးသော်ငြား ယခုတွင်တော့ သူက ရည်ရွယ်ချက်များစွာပိုက်၍ပင် အနားသို့ပိုတိုးကပ်လာနေခဲ့သည်။...

တစ်ဖက်တွင် ထျန်ရှုံးနှင့်အတူတွဲတွေ့လိုက်ရ၍ သဝန်တိုနေခဲ့သော ကုယျန်ရှန်း၏ အဖြစ်ကိုတော့ ဝမ်နျဲ့နျန်မရိပ်မိခဲ့ချေ။

မနေ့ညက ကျိုးယွမ်ဖုန်းထံမှ စကားလုံးများစွာကို နားထောင်ခဲ့ပြီး အပြင်ဘက်ကော်ရစ်တာတွင် ကုယျန်ရှန်း အကြာကြီး ရပ်နေခဲ့သည်။ 'တကယ်ကိုပဲ ဝမ်နျဲ့နျန်နဲ့နီးစပ်ဖို့ သူ့ဘက်က အစပျိုးပြီး လှုပ်ရှားခဲ့ခြင်းမျိုး မရှိခဲ့ဟန်တူသည်။'

ယခု သူ့ရဲ့ အချစ်ကိုပြန်ရရန် ကြိုးပမ်းခြင်းအပေါ် ဝမ်နျဲ့နျန်က တရားဝင်ခွင့်ပြုထားပြီဖြစ်ရာ သူတို့ရဲ့ ဆက်ဆံရေးလေး တိုးတက်ပြောင်းလဲဖို့ ရင်းနှီးကျွမ်းဝင်မှုတစ်ချို့ကို ဖန်တီးနိုင်လောက်ပြီ ထင်သည်။

အတွေးများစွာတွေးပြီးနောက်မှာ ကုယျန်ရှန်းက ခန်းမထဲ မိတ်ဆွေများနှင့် စကားပြောနေသည့် ကျိုးယွမ်ဖုန်းကို အပေါ်ထပ် စာကြည့်ခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။ ထိုညက ကျိုးယွမ်ဖုန်း၏ အိမ်ပြန်ချိန်မှာလည်း နံနက်မိုးသောက်ချိန်မှ ဖြစ်ခဲ့၏။

သို့ပေမဲ့ နောက်တစ်နေ့ စတူဒီယိုသို့ သွားခဲ့ချိန်၌ အပြင်ဘက်တွင် စကားပြောနေသည့် ထျန်ရှုံးနှင့် ဝမ်နျဲ့နျန်ကို မြင်ပြီး ထျန်ရှုံးလက်ထဲမှ နေကြာပန်းကို စူးစိုက်ကြည့်ကာ ကားပေါ်မှ အလျင်အမြန်ဆင်းပြီး အနားသို့ ခပ်မြန်မြန် လျှောက်သွားခဲ့သည်။

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Where stories live. Discover now