အခန်း(၂၀၂)နျန်နျန် ... ကိုယ်တို့ ကတိထားရအောင်

3.4K 507 45
                                    

အခန်း(၂၀၂) နျန်နျန် ... ကိုယ်တို့ ကတိ ထားရအောင်

နံရံပေါ်မှာ ရေးထားတဲ့ သူ့ရဲ့နာမည်ကိုကြည့်ပြီး အထက်တန်းတုန်းက ဝမ်နျဲ့နျန်ကို ကျောင်းအင်္ကျီချွတ်ပေးလိုက်တဲ့အချိန်မှာ ဘာကြောင့် ထမယူခဲ့တာလဲ ဆိုတာကို ကုယျန်ရှန်း နားလည်သွားခဲ့သည်။ ဝမ်နျဲ့နျန်က သူ့အနောက်မှာရှိနေတဲ့ ဒီစားလုံးတွေကို ကွယ်ထားချင်လို့ သူ့ကို လစ်လျူရှုခဲ့ခြင်းပင်။

ကုယျန်ရှန်းက ခေါင်းမိုးအစွန်းမှာ ထိုင်နေတဲ့ ဝမ်နျဲ့နျန်ကိုကြည့်ပြီး တုန်ရီနေတဲ့ အသံဖြင့် ချော့မြူလိုက်သည်။

"နျန်နျန် ... ဆင်းလာခဲ့ပါနော်။ ငါ ဒီကနေ မထွက်သွားပါဘူး။ ငါ့ကို မင်းစိတ်ကြိုက် ဆူနိုင်၊ ရိုက်နိုင်ပါတယ် .. ဒီလိုမျိုးတော့ မလုပ်ပါနဲ့ ..."

ဝမ်နျဲ့နျန်က တစ်ဖက်သို့လှည့်လာပြီး သူ့အနောက်တွင် ရပ်နေတဲ့သူကို ကြည့်လိုက်သည်။ ခံစားချက်မဲ့စွာဖြင့် အချိန်အကြာကြီး ငေးကြည့်နေခဲ့သည်။

"ကုယျန်ရှန်း ... မင်း ဒီနေရာကို မှတ်မိသေးလား။ အထက်တန်းကျောင်းသားဘဝက နေ့တိုင်းခက်ခဲပေမယ့် ငါ့နှလုံးသားထဲက ချစ်နေမိတဲ့ လူတစ်ယောက်ကြောင့် အရာအားလုံးကို ရင်ဆိုင်နိုင်တယ်ဆိုပြီး ထင်ခဲ့တယ်။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ အဲ့တာက ရယ်စရာဟာသတစ်ခုလို ဖြစ်နေတယ်။"

"ငါ့အမှားပါ။ ငါ့ အမှားတွေပါ ... နျန်နျန် ... မင်း အခုလို မလုပ်ပါနဲ့ "

ကုယျန်ရှန်းက ရှေ့သို့တိုးလာပြီး လျင်လျင်မြန်မြန်ပင် ပြန်ဖြေခဲ့သည်။ ဝမ်နျဲ့နျန်ရဲ့အသံက အနည်းငယ်တုန်ရီနေပြီး မျက်ဝန်းတွေက နီရဲကာ ကုယျန်ရှန်းကို ကြည့်ရင်းပင် ဆို့ဆို့နင့်နင့်နှင့် ပြောခဲ့သည်။

"အချစ်တစ်ခုအတွက်နဲ့ မင်း ဘာလို့ ဒီကိစ္စတွေ လုပ်ခဲ့တာလဲ။ အချစ်က နာကျင်ရတာချည်းပဲ။ ဘာလို့ ငါ့အတွက် လုပ်ပေးခဲ့တာလဲ။ ငါ့အတွက် လုပ်ပေးခဲ့ပြီး ဘာလို့ ငါ့ကိုကျ ဖုံးကွယ်ထားခဲ့တာလဲ။"

အပြစ်ရှိစိတ်က ကုယျန်ရှန်းရဲ့ မျက်ဝန်းအတွင်း ထင်ဟပ်သွားခဲ့သည်။

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Where stories live. Discover now