အခန်း(၂၁၁) ရေချိုးမယ် ...ဟုတ်လား။ ဒါဆို ရေချိုးခန်းထဲ ငါချီသွားပေးမယ်

3.1K 376 25
                                    

အခန်း(၂၁၁) ရေချိုးမယ် ..ဟုတ်လား။ ဒါဆို ရေချိုးခန်းထဲကို ငါ ချီသွားပေးမယ်။

ဗီလာ၏အရှေ့၌ အမဲရောင်ကားလေး ရပ်သွားပြီးသည့်နောက် ကားထဲမှ ကုယျန်ရှန်းထွက်လာခဲ့ပြီး သူ့မျက်ဝန်းထဲတွင် ကြည်နူးမှုများအပြည့်ဖြင့် ခရီးသည်ထိုင်ခုံဘက်ရှိ ကားတံခါးကို ဖွင့်ကာ ဝမ်နျဲ့နျန်ကို ကားထဲမှ ချီပွေ့၍ ခေါ်ယူလိုက်သည်။

ထိုအခြေအနေ၌ ဝမ်နျဲ့နျန်က ကုယျန်ရှန်း၏ အကြည့်ကို ရှောင်ဖယ်ရန် ခေါင်းကို ငုံ့ကာထားပေမဲ့ ကုယျန်ရှန်းမှာတော့ နှုတ်ခမ်းပါးတို့ကို အစွမ်းကုန်ကွေးညွှတ်၍ မသိသာစေရန် ပြုံးနေခဲ့ပြီး သူ့လက်မောင်းအတွင်း ဝမ်နျဲ့နျန်ကို ပွေ့ချီထားလျက် အိမ်၏အဝင်တံခါးဝဆီသို့ တစ်လှမ်းချင်းစီ လှမ်းလျှောက်နေခဲ့သည်။

(ဒင်း ________ ဒေါင်)

"လာပါပြီ"

အန်တီလန်က တံခါးဝမှ အသိပေးသံကြောင့် အလျင်အမြန်သွားပြီး တံခါးကို ဖွင့်လိုက်သည်။

"အန်တီ လန် "

အန်တီလန်ရဲ့ မျက်ဝန်းတွေက တံခါးဝတွင် ရပ်စောင့်နေသော ကုယျန်ရှန်း၏လက်အတွင်း လိုက်ပါလာသူကြောင့် ချက်ချင်းနီမြန်းသွားခဲ့၏။

"မဒမ် ...အို မစ္စတာ ဝမ် ...။ သခင်လေး အိမ်ပြန်လာပြီလား။"

"အန်တီလန် အခန်းကို သန့်ရှင်းရေး လုပ်ပြီးသွားပြီလား။"

အန်တီလန်က ခေါင်းကို ညိမ့်လျက် " အားလုံးကို သန့်ရှင်းရေးလုပ်ပြီး သွားပြီ။ အစားအသောက်လည်း ချက်ပြုတ်ပြီးသွားပြီ။ ... ဆန်ပြုတ်ကို အဟာရပြည့်ဝတဲ့ ပြောင်းဆန်နဲ့ ချက်ထားတယ် ... သခင်လေး နောက်တော့ မစ္စတာ ဝမ်ကို တိုက်လိုက်ပါနော်။"

"နျန်နျန် ... အရင်ဆုံး စားလိုက်မလား။ နေ့လည်ကလည်း မင်း အစားသိပ်မစားထားဘူး လေ။ မင်းရဲ့ အစာအိမ်က ခံနိုင်မှာမဟုတ်ဘူး။" ကုယျန်ရှန်းက သူပွေ့ချီထားတဲ့ ခေါင်းလေးငုံ့ကာ ငြိမ်သက်နေသော ဝမ်နျဲ့နျန်ကို ငုံ့ကြည့်၍ ကြင်ကြင်နာနာ မေးလိုက်သည်။

ဝမ်နျဲ့နျန်က ခေါင်းညိမ့်ပြ၍ ကုယျန်ရှန်း၏အမေးအတွက် အဖြေပြန်ပေးလိုက်ပြီး အန်တီလန်ကိုကြည့်ကာ ကျေးဇူးတင်ကြောင်း ပြောလိုက်၏။

ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"Where stories live. Discover now