အခန်း(၂၀၆) မင်းကရော ... သေ သွားရင်တောင် ဖြစ်တယ်လို့ 'တွေးခဲ့တာလား။
"ကုယျန်ရှန်း ... ငါ့ကို လွှတ် "
ကုယျန်ရှန်းက သူ အခုလေးတင် အနမ်းပေးခဲ့သော ဝမ်နျဲ့နျန်၏ နှုတ်ခမ်းပါးကို ငေးကြည့်နေရင်း မျက်ဝန်းအကြည့်တို့က ငြိမ်သက်ခြင်း မရှိတော့ပေ။ ဝမ်နျဲ့နျန်၏မျက်လုံးကို အုပ်ထားသော သူ့လက်ကိုလည်း နောက်ဆုံးတွင် ဖယ်ပေးလိုက်သည်။
"နျန်နျန် .... ငါ မင်းကို ခိုးနမ်းဖို့ မရည်ရွယ်ခဲ့ ပါဘူး ..."
လက်ကိုဖယ်လိုက်သည်နှင့် နီရဲကာ တုန်လှုပ်မှုတို့ပြည့်နေသော ဝမ်နျဲ့နျန်၏မျက်ဝန်းများကို ကုယျန်ရှန်း မြင်လိုက်ရ၏။
တစ်ဖက်တွင် ကုယျန်ရှန်းထံမှ စိုက်ကြည့်နေခြင်းကို ခံနေရ၍ နေမထိထိုင်မသာဖြစ်လာသော ဝမ်နျဲ့နျန်၏မျက်နှာက ရုတ်ချည်း နီရဲတက်လာပြီး လက်ထဲကိုင်ထားသည့် အပေါ်ဝတ်ကို ကုယျန်ရှန်းထံသို့ ပစ်ထုတ်ပေးကာ ပြန်ဖို့အတွက် မတ်တပ်ရပ်လိုက်သည်။
ကုယျန်ရှန်းက သူ့ထံသို့ ပစ်ထုတ်ပေးခဲ့သော အင်္ကျီကို ကိုင်ပြီး တွေတွေဝေဝေနှင့် ဝမ်နျဲ့နျန်၏နောက်ကျောပြင်ကို ကြောင်ကြည့်နေခဲ့သည်။ ထို့နောက်တွင်မှ သူလည်း ထိုင်နေရာမှထပြီး ဝမ်နျဲ့နျန်အနောက်သို့ လိုက်သွားခဲ့သည်။
ထိုအချိန်၌ ကုယျန်ရှန်းမမြင်လိုက်ရသည်မှာ သူအနမ်းပေးခဲ့သော နှုတ်ခမ်းသားကိုထိ၍ ရှက်သွေးဖြာစွာ ပြုံးနေသော ဝမ်နျဲ့နျန်၏ ပုံစံကို ဖြစ်သည်။
"နျန်နျန် ... ငါ့ကို စောင့် အုံးလေ "
သူ့ထံသို့ နီးကပ်လာသော အနောက်ဘက်မှ အော်ခေါ်သံကြောင့် ဝမ်နျဲ့နျန်က အကွာအဝေးပိုတိုးရန် လမ်းမရှိရာသို့ ခပ်မြန်မြန်လှမ်းနေခဲ့သည်။ သို့ပေမယ့် ခြေချော်ပြီး ပြုတ်ကျသွားခဲ့တာကြောင့် ဒူးခေါင်းက လမ်းအဆင့်နေရာနှင့် ဆောင့်မိသွားခဲ့သည်။
ဒါကို မြင်သည့် ကုယျန်ရှန်းက အနားသို့ ကူညီရန် ပြေးလာပြီး ဘေးတစ်ဖက်တွင်ထိုင်ကာ စိုးရိမ်ကြီးစွာဖြင့် မေးလိုက်၏။
YOU ARE READING
ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် " သူက အနက်ရောင်ကြာပွင့်လေးပါတဲ့"
Romanceသုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့